နွေပန်းကလေး - ၉

8 2 0
                                    

နွေပန်းငယ်ငယ်။

အတားအဆီးမရှိ မင်းအပေါ်လျှံဖိတ်နေတဲ့ မေတ္တာတွေကို မျက်ကွယ်ပြုရတာ ကျေနပ်ရဲ့လား။
ပါးပြင်ပေါ်မှာ အငွေ့ပျံနေတဲ့ မျက်ရည်တွေမှာရော ကိုယ့်မျှော်လင့်ချက်တွေ ပါကုန်တာသိရဲ့လား။
ပိုချစ်မိသူက အရှုံးဆိုရင် စချစ်မိတည်းက ပန်းဖြူဖြူနဲ့ ဒူးထောက်နှင့်ပြီးသားပါ။
မေတ္တာကိုပဲ တောင်းတလို့ မျက်ဝန်းချင်းပဲ စကားပြောချင်ခဲ့တာ။
ရှောင်ဖယ်ပြေးရိပ်ထင်တဲ့ အကြည့်မှိုင်းမှိုင်းမှာ ပန်းဖြူဖြူလည်း နွမ်းရတယ်။
မျက်ရည်တွေလည်း ခမ်းရတယ် ကလေးရဲ့။
ခံနိုင်ရည်မရှိခြင်းဆိုတဲ့ကြိုးထုံးရဲ့ အစအဆုံးမှာ မင်းအပြုံးတွေကိုပဲ သီကုံးထားတာ။
နှုတ်ခမ်းတစ်ချက်မဲ့ရင် တိမ်တွေပြိုရပြီး နှုတ်ခမ်းကလေးတွန့်ချိုးရင်တော့ ကိုယ့်ရင်တွေ လှိုက်ဖိုရတယ် အချစ်ငယ်ရဲ့။

-ချရား။

Feb 25, 2024
23:12

နွေပန်းကလေး။Where stories live. Discover now