နွေပန်းကလေး - ၃

11 2 0
                                    

ကိုယ့်ရဲ့ နွေငယ်လေး။
ဒီနေ့တော့ မင်းရင်ထဲကို တိုးဝင်ပြီး တရှိုက်ရှိုက်ငိုချင်နေတော့တာပဲ။
ပင်ပန်းတာတွေ များတဲ့လမ်းမှာ မင်းဆိုတာနဲ့ပဲ အသက်ဆက်နေကြည့်တော့
ပန်းတွေလည်း ပိုလှတယ်။ ရာသီဥတုကလည်း နေလို့ကောင်းတယ်။
ပိုင်ဆိုင်လိုစိတ်တွေလည်း ပိုရတယ် ကလေးရဲ့။
ကိုယ့်ကိုယ်ကိုယ် ငြင်းဆန်နေရာကနေ မင်းကပါ ငြင်းဆန်နေတော့ ဝဋ်ကောင်းကောင်းလည်နေတာတဲ့။
ဒါတွေ ထားပါ။
အဆုံးသတ်ကို ရှာမရအောင် ကိုယ်က အထပ်ထပ်အခါခါ ပြန်စတင်မယ်။
ဒီမနက်မှာ ချစ်တဲ့စိတ်နဲ့ နိုးထရင် နောက်တစ်မနက်ကို ပိုချစ်တဲ့စိတ်နဲ့ နိုးထမယ်။
ကိုယ်က မင်းကို အဲ့လောက်ထိ... အချစ်ရဲ့။
အဲ့လောက် မကတဲ့အထိ။

-ချရား။

Feb 8, 2024

နွေပန်းကလေး။Where stories live. Discover now