အချစ်ပန်းတွေ တနင့်တပိုးပျိုးခဲ့တဲ့ သောကြာနေ့ကလေးပေါ့။
အပြုံးတွေကို သိသိသာသာဖော်ကျူးရင်း မင်းခြေရာတွေပေါ် ကိုယ့်ခြေရာတွေ လိုက်ထပ်ခဲ့တယ်လေ။
လက်ဖဝါးငယ်ရဲ့ အထိအတွေ့ကနေ မေတ္တာတွေ တိုးလျှံဖိတ်ကျပုံများ ကိုယ့်နှလုံးသားက တငြိမ့်ငြိမ့်နဲ့ အချစ်ရဲ့။
ဘေးတိုက်မြင်ရတဲ့ နှာတံလေးရယ်။
နောက်ကနေ ငေးရတဲ့ မင်းကျောပြင်လေးရယ်။
ဖွာခနဲဝေ့ဝဲကျနေတဲ့ ဆံနွယ်ခွေခွေတွေရယ်။
နောက်ပြီးတော့ တိုးတိုးတိတ်တိတ်သိမ်းထားရတဲ့ ကိုယ့်မေတ္တာတွေရယ်။ရူးရတဲ့အခါ ပိုလွမ်းတာလား။
လွမ်းလွန်းလို့ပဲ ပိုရူးတာလား။
မျက်စိရှေ့ကမင်းကို ငေးနေရင်းနဲ့ပဲ လွမ်းရတယ် အချစ်ရယ်။
ရေစက်ဆုံဖို့ ဝတ်ပြုဆုတောင်းခဲ့တဲ့ တနင်္လါနံထောင့်မှာ မင်းကို အေးချမ်းစေချင်တဲ့အကြောင်းတွေ အခါခါထပ်တယ်။
မင်းအပြုံးလေးတွေ အမြဲတမ်း ရွှင်လန်းဖို့၊ မင်းမျက်ဝန်းလေးတွေ အမြဲတမ်းတောက်ပဖို့၊
နောက်ပြီး အတ္တဆန်စွာ မင်းကို ငေးနေခွင့်ရဖို့...။
အချစ်ဟာ သည်လိုသည်ပုံများလား နွေပန်းကလေးရယ်။- ချရား။
March 24, 2024
2:42 A.M.
YOU ARE READING
နွေပန်းကလေး။
Non-Fictionမင်းရဲ့ မေတ္တာကလေးကို ငေးကြည့်ရတဲ့ အငေးရုံလေးလည်း ဖြစ်ခဲ့တာပါပဲ။ - နှောင်ကြိုး