Jikyu

161 10 2
                                    

"ကျနော်ကတော့ နေ့တိုင်းရင်ခုန်ရတဲ့ relationship"
စိတ်ဆိုးနေတဲ့သူ့မျက်နှာကို တည့်တည့်စိုက်ကြည့်ပြီးဖြေလိုက်တယ်။

လူတိုင်းနဲ့ ပြုံးပျော်နေပြပြီး ကျနော့်ကို အပြစ်မရှိအပြစ်ရှာ စိတ်ဆိုးနေတဲ့သူကိုပေ့။
တွဲနေတာနှစ်နှစ်ပဲဆိုပေမယ့် ခင်လာတဲ့သက်တမ်းမနည်းတော့ ဘယ်လောက်ဖုန်းကွယ်ထားပါစေ။ ကျနော့်ကို စိတ်ဆိုး‌ေနတာ
ကျနော်သိတာပေ့။

အမြဲ ရင်ခုန်နေတဲ့ ဆက်ဆံရေးပေ့
ဆိုပြီး ရီလိုက်တဲ့ သူ။
တကယ်တော့သူရီလိုက်တဲ့ အဓိပ္ပာယ်က park jihoonနင်သေမယ်ဆိုသလိုပဲ။

"သူငယ်ချင်းလိုဆက်ဆံရေးတွေကပေါတယ် ဥပမာ jukyuနဲ့ကျနော်ကလည်း သူငယ်ချင်းလိုဆက်ဆံရေးလေ။"

(ဒီနားမှာ ကျနော် ရုတ်တရက်တွေးမိသွားတာက သူတို့ဆွေးနွေးနေတာ ရည်းစားဆက်ဆံရေးလေ။ ရှင်ဘယ်လိုတွေသွားနှိုင်းနေတာလဲ။)

ကျနော်ပြောနေတာတွေ သူနားထောင်ရင်းစိတ်ဆိုးလည်း မတက်နိုင်ဖူး။

အဓိက က တခြားသူတွေ မရိပ်မိဖို့ပဲ။

At 🌃

Jukyuအိပ်လို့မပျော်ပါ။ ဒေါသကြောင့်ရော အတွေးလွန်းမှုတွေနဲ့ကောပေ့

အခန်းဖော် အဖြစ် မနေရအောင်ဆိုလို့လဲ rutoနဲ့ တူတူသုံးလိုက်တယ်။
ကောင်မလေးတွေကိုများ ဆွဲဆောင်မိလို့လား။
အဲလိုကြလည်း သူက ကိုယ်ထက်တောင် ‌ဝိုင်းဝိုင်းလည်နေသေးတယ်။
ငါ့ကိုများ မချစ်တော့တာလား။
ဧည့်သည်လာတဲ့ ကောင်မလေးတွေထဲက တယောက်ယောက်ကို ရင်ခုန်မိသွားတာလား။

မညာပါဖူး။ ဒီနေ့ သူဖြေတဲ့အဖြေနဲ့ သူအပြုအမူတွေကြောင့် ၀မ်းနည်းတာကော ဒေါသထွက်တာကော မရှိဖူးလို့။

တဖြေးဖြေး ၀မ်းနည်းလာတော့ မျက်နှာချင်းဆိုင်မေးဖို့ သူ့အခန်းဘက်ကို သွားဖို့ပြင်လိုက်တယ်။

တံခါးကအထွက်လှေကားနားမှာတင်တွေ့တော့ ဘာမပြောညာမပြော ကျနော့်လက်ကို ဆွဲပြီး အပြင်ဘက် cameraမရှိတဲ့နေရာကိုခေါ်သွားရဲ့။

ကျနော့်လက်ကိုလွှတ်ပြီး  တခုခုပြောမလို့လုပ်ချိန်မှာပဲ ကျနော် သူ့ရဲ့ပါးပြင်ကို နမ်းလိုက်တယ်။

Ji pov
သူ့ကို ချော့မလို့ ပြင်ချိန်မှာ ပါးပြင်ပေါ်ရောက်လာတဲ့ နွေးထွေးမှုကြောင့် ခုနက အခန်းထဲမှာ စီထားတဲ့ စာတွေလည်းပျောက်ကုန်တယ်။

ပြူးကြောင်ကြောင်လေးဖြစ်သွားတဲ့ကျနော့်ကို သူက ရှက်ရှက်နဲ့
"အခုလို တနေ့တခါနမ်းပေးရင် မင်းပြောတဲ့ အမြဲ ရင်ခုန်ရတဲ့ ဆက်ဆံရေး ဖြစ်နိုင်မလား"

ထင်တဲ့အတိုင်းပဲ သူ ငါပြောခဲ့တာတွေကို စိတ်ထဲထားနေတာပဲ။
သူ့ရဲ့ ပခုံးနှစ်ဖက်ကိုကိုင်ပြီး က‌ျနော့်ဘက် တည့်တည့်လှည့်ကာ

"အချစ် မင်းက အဲလိုပဲ။ အရမ်းတွေးတယ်။
ကိုယ်ကလေ မင်း ရှက်တက်လို့ အချစ်ကိုယ်
အစား မင်းငါပဲ သုံးပေးတယ်။ ဒီနေ့ကလည်း
ဒီတိုင်းတခြားသူတွေ ရိပ်မိသွားမှာဆိုးလို့ ။
ငါလေ မင်း အထင်လွဲမှာ အကြောက်ဆုံးပဲ။
Leaderတယောက်အနေနဲ့ အလုပ်လုပ်နေလည်း စိတ်ထဲမှာ မင်းဘယ်လိုမြင်သွားမလဲပဲ တွေးမိနေတယ်။ တကယ်ပါမင်းအမြင်မှာ ငါတို့ဆက်ဆံရေးက သူငယ်ချင်းလိုcomfortဖြစ်တဲ့ ဆက်ဆံရေးဆိုပေမယ့် ငါကတော့ မင်းငါ့အပေါ် စိတ်ဆိုးတာလေးကော မင်းအပြုံးလေးတွေကော တခုချင်းစီက င့ကို ရင်ခုန်စေတယ်။ "
Junkyu pov
တ‌ေြဖးဖြေး နီရဲလာတဲ့ပါးကြောင့် rutoတို့ သတိထားမိကုန်လိမ့်မယ်ဆိုပြီး ထွက်ပြေးလာခဲ့တယ်။ ဒါတောင် တံခါးနောက်ရောက်တော့

"Aww ဒါနဲ့ တနေ့တခါနမ်းမယ်ဆိုတာကိုတော့ လက်ခံပေးမယ်။"လို့လှမ်းအော်လိုက်သေးတယ်။

နှုတ်ခမ်းကို လက်ချောင်းပိတ်ပြီး တိုးတိုးပြောပြောကာ အိမ်ထဲ ၀င်ခဲ့လိုက်တော့၏။

🐨🐼🐨🐼🐨🐼🐨🐼🐨🐼🐨🐼🐨🐼

ဒီတိုင်း စိတ်ထဲပေါ်လာတာလေး ရေးလိုက်တာပါ။
စိတ်ကူးယဉ်သက်သက်ဖြစ်၍ တခြားမည်သူတဦးတယောက်မှ ထိခိုက်လိုခြင်း မရှိပါ။
ကျေးဇူးအထူး တင်အပ်ပါသည်။😁😁





အပိုင်းတိုစလေးများWhere stories live. Discover now