Yoshi: "Ruto ya အကိုပြောတာကို ဘယ်တော့မှ နားမထောင်ဖူး။
Colaဘူးအဖုံးကို မရရင် သွားနဲ့ ကိုက်မဖွင့်ပါနဲ့လို့"
Yoshiထိုစကားကိုပြောရင်း Rutoရဲ့ ပါးစပ်ထဲက ကိုလာဘူးကို ယူပြီး စားပွဲပေါ်တင်ထားလိုက်သည်။Ruto: "Yoshi hyungကလည်း ကျွန်တော်မှ အားမရှိတာ။ ဘယ်လိုလုပ်ဖွင့်နိုင်မှာလဲ။"
Yoshi: "YGရဲ့ Gymခန်းကြီးက အလှ ကြည့်ဖို့ထားတာလား။"
Ruto: "ပင်ပန်းတယ်Hyungလည်းသိတာပဲ။ နောက်ကျွန်တော်ပြောနေတဲ့ Hyungကကော အားမရှိပဲနဲ့များ။"
Yoshi: "အင်းလေ Hyungက အားမရှိလို့ Rutoကို အားကိုးဖို့လုပ်တာ၊ Rutoကလည်းအားမရှိတော့ Jihoonကိုပဲ အားကိုးရမလားမသိ။🙄"
Ruto: "Yoshi Kun ခင်ဗျားကျွန်တော့်ကို သစ္စာဖောက်မလို့လား"
နီရဲလာတဲ့မျက်လုံးနဲ့အတူ rutoရဲ့ဒေါသဟာပိုတိုးလာခဲ့သည်။
သို့သော်Yoshiလည်း သူလိုချင်သော အေြခအနေရောက်အောင် ပြောရမည်ပင်။Yoshi: "ငါမင်းကို သစ္စာဖောက်မဖောက်က ငါအကြောင်းပါ။ မင်းဘယ်တုန်းက ငါစကားနားထောင်လဲ။ အမြဲ ကန့်လန့်တိုက်တယ်။
ငါဦးဆောင်တဲ့ အောက်ကိုလည်းမင်းမလုပ်နိုင်ဖူး။ငါကမင်းကို babyingလုပ်တယ်ဆိုပြီး Fanတွေပြောတာကို မင်းမခံနိုင်ဖူး။
အဲတော့ မင်းဘယ်လိုဖြစ်ချင်နေတာလဲ ပြောလေ။"Ruto: "Yoshinori Kun ခင်ဗျားကို ကျွန်တော် မ,နိုင်တဲ့တနေ့၊ ခင်ဗျားဒီနေ့ပြောခဲ့တဲ့စကားကို နောင်တရစေရမယ်။"
ထိုနေ့မှစ Rutoကို မြင်ရတာ ရှားလာသည်။
Scheduleရှိတဲ့အချိန်တောင်မှ ခဏလေးတင်။
နည်းနည်းပိုထွားလာသလိုခံစားရပေမယ့်
နည်းနည်းတမျိုးကြီးခံစားလာရတယ်။ဒီနေ့လည်း Yoshi အထီးကျန်သလိုခံစားရတာနဲ့ Fanတွေနဲ့ liveလွှင့်ပြီးစကားပြောနေခဲ့သည်။
ပြောနေချိန်အတွင်းပျော်ခဲ့ပေမယ့် liveပြီးတဲ့အချိန်မှာ ထိုအထီးကျန်မှုက ပြန်၀င်လာသည်။
အရင်လို rutoကပ်ချွဲတာကိုပြန်လိုချင်လာသည်။ သို့သော် ထိုကလေးကို ရင့်ကျတ်စေချင်စိတ်က ပြန်လည် လွှမ်းမိုးလာပြန်၊ သို့လောသို့လော တွေးနေစဉ် တံခါးခေါက်သံကြားလိုက်ရ၏။Yoshi: "Hyunsuk Hyungလား"ဆိုပြီး မေးရင်းတံခါးဖွင့်လိုက်တော့
Ruto: "Hyungရဲ့ ဒီနှုတ်ခမ်းက ကျွန်တော်နမည်ကလွှဲရင် အကုန်ထွက်နေသလိုပဲနော်။"Ruto
ထိုစဉ် Rutoက Yoshiကို မင်းသမီးပွေ့ချီသလို ပွေ့လိုက်၏။Ruto: "ကျွန်တော်Hyungကို မ,နိုင်သွားပြီ။Hyungနောင်တရတော့။"
Yoshi: "မင်း hyungကို မုန်းနေတာမဟုတ်ဖူး လား။
မင်း ငါကို စိတ်နာနေတာမဟုတ်ဖူးလား။
မင်း ငါ့ကို မချစ်တော့ဖူးမဟုတ်ဖူးလား။"
ရုတ်တရက်ကျလာတဲ့ မျက်ရည်နဲ့အတူ စကားတွေသာyoshiဆက်တိုက်ပြောမိရဲ့ ။ထိုအခါမှ rutoသည် တမင်ကာတင်းထားသော မျက်နှာကိုလျော့လိုက်ပြီး ကပြာကယာချော့လေရဲ့။
Ruto: "Yoshi ဘာလို့ငိုတာတုန်း၊ ကျွန်တော် ဘာလုပ်မိလို့တုန်း၊ ရုတ်တရက် ချီလိုက်လို့ လန့်သွားတာလား။ hyungကို မချစ်တော့ဖူးလို့မေပြာခဲ့ပါဖူး၊ ခုတလော ပစ်ထားမိလို့လား၊ Hyungပဲ အားကိုးရတဲ့ချစ်သူလိုချင်တယ်ဆိုလို့ ကြိုးစားနေတာပါ။
Supriseလုပ်ချင်လို့ဆိုတဲ့ဆင်ခြေမပေးချင်ပေမယ့် hyungကိုနည်းနည်းလည်း နောင်တရစေချင်လို့ ရှောင်နေခဲ့မိတာ၊ အဲဒါကြောင့်လား။"ကလေးတစ်ယောက်လို ခေါင်းငြိမ့်လိုက်တဲ့ Yoshi
Yoshi: "ဟုတ်တယ်။ မင်းက ငါ့ကိုပစ်ထားတယ်၊ပြီးတော့ ..ငါ့ကို လစ်လျူရှုတယ်။Ruto baka"Ruto: "Yoshinoriရဲ့အရူးလေးလေ။ ဟော့ဒီ နှုတ်ခမ်းထူထူလေးကြောင့်ရူးတာ တစ်ပတ်လုံးပဲ။
လွမ်းနေခဲ့တာလေ။ပန်းသီးစိတ်လေးတွေမြင်တိုင်း ခင်ဗျားဆိုတဲ့yoshiကို ပြေးပြေးနမ်းချင်တာ အကြိမ်ကြိမ်ပဲ။"Yoshi: "အဲဒါဆိုလည်း လာနမ်းပေါ့။"
တိုးတိုးလေးပြောလိုက်တဲ့Yoshiစကားကို Rutoရှင်းရှင်းလင်းလင်းကြားလိုက်ပေမယ့်Ruto: "အန် ဘာပြောတယ်။ခုနက ဘာပြောလိုက်တာပါလိမ့်။"
🔅🔅🔅🔅🔅🔅🔅🔅🔅🔅🔅🔅🔅🔅🔅
ဒီတိုင်း ပုံတစ်ပုံကနေ Rutoရဲ့ရှေ့သွား ပဲ့သလိုလေးမြင်လိုက်လို့ တွေးမိတဲ့ficလေးပါ။
ကိုယ်လည်း အချိုရည်ဘူးဖုံးဖွင့်မရရင် သွားနဲ့ကိုက်ဖွင့်တက်လို့ ရှေးသွားက အဲလိုလေးဖြစ်နေလို့ တွေးမိတာပါ။
ကိုယ်အမြင်မှားရင်လည်း sorryပါ။