~¡~ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည် ~¡~
အပိုင်း{၂}
🎶 တေးသွားချို သီကာကျူးတဲ့ ကျေးငှက်ကို လှမ်းလို့ကြည့်ကာ ပန်းကလေးကပြောလိုက်တယ် လောကရဲ့အလှအပဟာ တို့ပွင့်မှပြည့်စုံတာတဲ့........
ပန်းချစ်သူ ပျားကပြုံးတယ်....တောက်ပတဲ့ အဆင်းလည်းရှိတယ် လိုက်ဖက်တဲ့မွှေးရနံ့နဲ့ဆို....ဝတ်မှုန်ရယ် နင်နဲ့နှိုင်းရင် ရှုံးကြမှာဘဲ........
ရင်ထဲရှိ ရှိသမျှ ပြောပြရရင် တကယ်လှတယ်......🎶
"ဘယ်သူ့ကိုလှတယ်ပြောနေတာလဲကွ..မြေကြီးရ......"
အလုပ်နားရက်မို့ ဂီတာနဲ့ သီချင်းညည်းနေတုန်း....သူရတို့အုပ်စုကရောက်လာလေသည်။
"ဘယ်သူ့မှမဟုတ်ပါဘူးကွာ.... .ဒီလိုပါပဲ ဒါနဲ့ မင်းတို့က ဘယ်သွားကြမလို့လည်း...."
"လက်ဖက်ရည်သွားသောက်မလို့လေ.....မင်းကိုလာခေါ်တာ....."
"မလိုက်တော့ပါဘူး "
"ငါတို့ရှင်းမှာပါကွ"
"အေး....အဲဒါ့ကြောင့်မလိုက်တာ......မင်းတို့ကြည့်ဘဲရှင်းနေတာ ငါကြာတော့အားနာလာပြီ....."
"ဘာအားနာစရာလိုလဲ...ငါတို့က ဘော်ဒါတွေဘဲဟာ...."
"သားတို့ရယ်.....မနေ့က သူရှင်းလာတဲ့လုပ်အားခကလည်း အဒေါ့်ဆေးဖိုးရယ် အိမ်အတွက်လိုအပ်တာရယ်....သူ့ညီမကျောင်းစရိတ်ရယ်ကြောင့် သူ့လက်ထဲတစ်ပြားမှ မရှိရှာတော့ဘူး.......အဲဒါကြောင့် သူမလိုက်ချင်တာဖြစ်လိမ့်မယ်...."
ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်နေသည့် ဒေါ်မြနှစ်က သူ့သားအကြောင်းပြောပြလေသည်။
"ကျွန်တော်တို့က မြေကြီးကိုဆို တကယ်ခင်တာ...သူ့ဆိုကျွေးချင်မွေးချင်နေတာ......လိုက်ခဲ့ပါကွာ.."
"မင်းတို့ကလည်း....ပြောလို့ကိုမရဘူး အေး
..လိုက်ခဲ့မယ်....ရွှေရွှေ....""ရှင် အကိုကြီး... "
"အမေ့ကိုဂရုစိုက်လိုက်ဦး....ငါအပြင်သွားလိုက်ဦးမယ်သိလား"
"ဟုတ်ဟုတ် "
"လာ...သွားကြရအောင် "
~~~~
YOU ARE READING
~ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည်~
Romanceဒီယုဇနပန်းတွေကိုမုန်းသလိုမျိုး ကျွန်မကိုလည်း မုန်းလိုက်ပါလား မြေအနှစ်ရယ်.... မင်းမုန်းခိုင်းတိုင်း ငါမမုန်းနိုင်လို့ခက်တယ်.... >လူတစ်ယောက်ကို မုန်းတယ်ဆိုတာ လွယ်ပါတယ်.....ဒါပေမယ့် ချစ်လွန်းအားကြီးပြီး အချစ်ငြိုးတွေဖြစ်ပေါ်လာရင် အဲ့အငြိုးတွေလက်ထဲကနေ...