part:19

4.5K 60 0
                                    

~¡~ ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည် ~¡~

အပိုင်း(၁၉)

ကားကို အရှိန်ပြင်းစွာမောင်းပြီး အိမ်ကိုသာမရောက်ရောက်အောင် ပြန်လာခဲ့လိုက်သည်။ အိမ်အရောက် ဧည့်ခန်းတွင်အလှပန်းအိုးထိုးနေသည့်သူမကိုတွေ့လိုက်ရသည်။

ဆူးပန်း ကားသံကြား၍ မြေအနှစ်ကိုကြိုဖို့ထွက်လာပြီး လက်ထဲက အဝါရောင်နှင်းဆီပွင့်တွေကို စားပွဲပေါ်ခဏချခဲ့ပြီး အိမ်ရှေ့သို့ထွက်မည်အပြု သူမဆီသို့ ရုတ်တရက်ပြေးလာသည့် မြေအနှစ်ကို တွေ့လိုက်ရသည်။

တင်းကြပ်စွာအဖက်ခံရပြီး သူ့မျက်ရည်တွေ ပခုံးပေါ်စိုစွတ်နေသည် ခံစားမိသည်။ သူငိုနေတာလား...

"မြေအနှစ်.....ဘာဖြစ်လို့လဲ.....ရှင်ဘာလို့ငိုနေတာလဲ....ကျွန်မကိုပြောပြပါ.... ရှင်ဘာဖြစ်လာတာလဲ .."

"ကိုယ်တောင်းပန်ပါတယ်.... ကိုယ်အဲဒီ့ညကို မမှတ်မိခဲ့လို့ ကိုယ်တောင်းပန်ပါတယ်... မင်းကို အချစ်ကြီးစွာ နာကျည်းနေမိလို့တောင်းပန်ပါတယ်....ကိုယ့်စကားလုံးတွေကြောင့် မင်းရင်ထဲကိုနာကျင်စေခဲ့မိတာ တောင်းပန်ပါတယ်... "

"ဘာလို့အခုလိုတောင်းပန်နေရတာလည်း မြေအနှစ်ရယ်........ကျွန်မရှင့်အပေါ် ဘာမှအပြစ်မမြင်ပါဘူး....ဘာဖြစ်လို့လဲဟင်..."

"ကိုယ် ပိုင်မျိုးနဲ့ တွေ့ခဲ့ပြီးပြီ..."

"ဟင်...."

"ဟုတ်တယ်.....ကိုယ်တို့ရဲ့ညကိုလည်း ကိုယ်မှတ်မိပြီ....မင်းကိုယ့်ကို လာရှာခဲ့တာတွေကိုလည်း ကိုသိပြီ........ပြီးတော့ သံသံလေးက ကိုယ့်သမီးလေးမို့လားဆူး......ကိုယ်နဲ့မင်းရဲ့ခလေး.."

"ရှင်........."

သူအကုန်သိသွားခဲ့ပြီပေါ့......

"ဟုတ်တယ်မို့လားဟင်..."

"အွန်း....."သူမအပြုံးလေးဖြင့် မျက်ရည်တွေကလည်းရစ်ဝဲကာ ခေါင်းငြိမ့်၍ ပြောလေသည်။

"ကိုယ့်ကို ဘာလို့မပြောခဲ့ရတာလည်းကွာ..."

"ဆူး.....ရှင့်ကို ပြောခဲ့ပါတယ် မြေအနှစ်ရယ်....ရှင်မှမယုံခဲ့တာ....မိန်းမသားဆိုတော့ ဆူးထပ်ခါထပ်ခါပြောနေရမှာရှက်တယ်...ရှင်မှမမှတ်မိတာ.."

~ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည်~Where stories live. Discover now