part:3

2.8K 58 0
                                    

~¡~ ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည် ~¡~

အပိုင်း(၃)

"စက်ဘီးနင်းရတာ ညောင်းနေပြီလား.....ကျွန်မတို့လမ်းလျှောက်သွားကြမလားဟင်..."

"ရပါတယ်......ဆူးပန်းခန္ဓာကိုယ်က ပေါ့ပေါ့လေးဘဲဟာ ကျွန်တော့်အတွက်လေးတယ်လို့မထင်ပါဘူး...."

"ဟက်ဟက်....ဟုတ်ပါပြီ ရှင်ရေမွှေး သုံးထားတာလားဟင်......"

"ဗျာ.....ကျွန်တော်ရေမွှေးမသုံးတတ်ပါဘူး...."

"မသိပါဘူး..... ရှင့်ဆီက အမွှေးနံ့ရလို့လေ"

"သြော်.....အဲဒါ့က ကျွန်တော့်ညီမက အဝတ်တွေကြားထဲ ခရေပန်းအခြောက်တွေထည့်ပေးထားလို့ပါ...ပြီးတော့ ယုဇနပန်းအခြောက်တွေကိုရော......."

"အဲဒါ့ကြောင့် အနံ့ကရင်းနှီးနေပါတယ်လို့......."

"ကျွန်တော်တို့ အခုဘယ်ကို အရင်သွားကြမှာလည်း....."

"ဦးပိန်တံတားကိုအရင်သွားမယ်....ပြီးမှတခြားနေရာတွေကိုသွားမယ်.....ဒါနဲ့ ရှင်တကယ်နင်းနိုင်တာ သေချာပါတယ်နော်."

"သေချာပါတယ်.....ကျွန်တော်မလိမ်တတ်ပါဘူး.....ပြီးတော့ဒီနေ့ဆူးပန်းကို ကျွန်တော်ဘဲမုန့်ကျွေးပါရစေ...."

"ဟက်ဟက်.....ကျွန်မက အစားကြီးတယ်နော်....နေပါစေ..ကျွန်မကဘဲ ဝယ်ကျွေးပါ့မယ် မြေအနှစ်ရဲ့....ဒါနဲ့ ရှင့်မှာကောင်မလေးရှိလား......"

"ဗျာ.....မရှိပါဘူး....."

"ဟုတ်လို့လား "

"ဟုတ်ပါတယ်ဗျာ..... ကျွန်တော့်လိုလူမျိုးကို ပြန်ကြိုက်မယ့်ကောင်မလေးမရှိပါဘူး...... "

"ဒါဆို ရှင်က ကြိုက်တဲ့ကောင်မလေးရှိနေတယ်ပေါ့..."

". ........"

"ငြိမ်နေပုံထောက်ရင်တော့ ကျွန်မပြောတာမှန်နေပြီထင်ပါတယ်... ပြောပါဦး ရှင်သဘောကျတဲ့ကောင်မလေးကဘယ်ကလည်း....."

"မဟုတ်....မဟုတ်ပါဘူး......"

"မလိမ်ပါနဲ့.....ကျွန်မက အကဲခတ်တော်တယ်နော်... "

"ကျွန်တော်က အညတရပါ......မမှီတဲ့ပန်းကိုတုံးခုပြီး မလှမ်းဝံ့ပါဘူး......ပြီးတော့တိတ်တိတ်လေးသဘောကျနေရတာဘဲကောင်းပါတယ်.......မပြောရဲဘူး....."

~ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည်~Where stories live. Discover now