part:8

2.8K 54 0
                                    

~¡~ ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည် ~¡~

အပိုင်း(၈)

သူနေချင်တဲ့အိမ်လေးမှာ နေရပြီဆိုတော့
သံသံလေး ပျော်နေလေသည်။ ဆူး အိမ်အသစ်မှာ ပစ္စည်းတွေကို နေရာချပြီး သမီးလေး
ဆော့ကစားနေတာကို ကြည့်နေလိုက်သည်။

သမီးလေး နေချင်လည်းနေချင်စရာဘဲ.....ဘယ်လိုစိတ်ကူးကောင်းကောင်းနဲ့များ
ဒီအိမ်လေးကို ဆောက်ထားပါလိမ့်....

အိမ်လေးကို အဖြူနဲ့ပန်းရောင်တစ်ဝက်စီဆေးသုတ်ထားပြီး နံရံပေါ်မှာ
နှင်းဆီပန်းပွင့်ပုံလေးတွေ ရေးဆွဲထားသည်။ အိမ်ထဲက ပရိဘောဂပစ္စည်းတွေကလည်း လုံးဝအဖြူ....

ခုတင်သေးသေးလေးတွေကလည်း
သမီးလေးကြည့်နေကျဘာဘီကာတွန်းကားထဲကလို ပုံစံမျိုးလေးတွေ.....

အဝတ်ဗီဒို...... မှန်တင်ခုံ.... အစရှိသောအရာဝတ္ထုလေးတွေကလည်း နှစ်လိုဖွယ်ကောင်းအောင် ပြင်ဆင်ထားသည်။

ယောကျ်ားသားတစ်ယောက်ဖြစ်ပါရက်နှင့် ဒီလိုအနုအရွလေးတွေကြိုက်တတ်သလားဟု
တွေးမိကာ ဆူးရယ်လိုက်မိသည်။ ပြီးမှ ပြန်စဉ်းစားကြည့်မိတော့ သူဟာ အရင်ကတည်းက စိတ်သဘောထားနူးညံ့တဲ့သူတစ်ယောက်ပါ။
ကိုယ့်ကြောင့်သာမဟုတ်ရင် သူဟာအခုလိုနာကျည်းစိတ်တွေဖြင့် ပြည့်နှက်နေမည့်လူတစ်ယောက်ဖြစ်လာမှာမဟုတ်ပေ။

သူ့အပေါ်အပြစ်ရှိခဲ့မိ၍ နောင်တရပြီးသူ့ကို
ချစ်တာမဟုတ်....ချစ်လို့ချစ်မိမှန်းမသိလိုက်ခင်မှာဘဲ သူ့ကိုချစ်မိသွားခဲ့သည်။

ဟိုအရင်ကလို သူ့အပေါ်မှာအချစ်မရှိခင်ကအတိုင်းဆို သူရင့်သီးစွာပြောနေတဲ့စကားတွေကို ခံစားနေမိမှာမဟုတ်......အခု သူ့ကိုမှချစ်မိနေတော့ သူခက်ထန်စွာ ပြောလိုက်သည့်စကားလုံးတိုင်းက ကိုယ့်ရင်ဘတ်ကိုနာကျင်စေသည်။

ကိုယ်ကိုထိရင် ဆတ်ဆတ်ထိမခံခဲ့တဲ့ ဆူးပန်းခွေက အခုတော့ သူနာကျည်းစွာဆက်ဆံသမျှကို စိတ်မဆိုးနိုင်ပါ......

ဒါဟာအချစ်ဆိုတဲ့ အပြစ်မယူမှု​​ကြောင့်လား......

~~~~~

"CEO...... အမျိုးသမီးတစ်ယောက်က တွေ့ခွင့်တောင်းနေပါတယ်....."

သူ လက်ပ်တော့ဖြင့်အလုပ်ရှုပ်နေတုန်း သူရဲ့ကိုယ်ရေးအရာရှိရောက်လာလေသည်။

~ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည်~Where stories live. Discover now