part:10

3.2K 60 0
                                    

~¡~ ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည် ~¡~

အပိုင်း (၁၀)

"ကလေး ...."

"ဟင်....ဟိုနေ့ကဦးဦးဘဲ...."

နေရတု နေကာမျက်မှန်ကိုချွတ်လိုက်ပြီး ကလေးထိုင်နေသည့်ခုံအပုလေးဘေးမှာ ဝင်ထိုင်လိုက်သည်။

ထိုလမ်းမှဖြတ်သွားစဥ် ဟိုနေ့ကကိစ္စအားအမှတ်ရမိ၍ ကျောင်းဘက်သို့လှည့်ကြည့်စဥ် သူ့ကားနဲ့တိုက်မိမလိုဖြစ်ခဲ့သည့် ကလေးလေးကိုမြင်၍ ကားရပ်ပြီးဆင်းလာခဲ့ခြင်းဖြစ်သည်။

"အိမ်ကလာမကြိုသေးဘူးလား"

"ဟုတ်ဦးဦး...သံသံမေမေက အလုပ်လုပ်ရတယ်လေ....သူများမေမေတွေလို သံသံ့ကိုအစောကြီးလာမကြိုနိုင်ဘူး...အဲဒါ့ကြောင့်ဒီထိုင်ခုံလေးမှာစောင့်နေတာ......"

"သမီးနဲ့ အတူတူထိုင်ထိုင်စောင့်ပေးတဲ့ဆရာမကရော...."

"ဆရာမက သူမေမေနေမကောင်းလို့အိမ်ပြန်သွားပြီ....သံသံ့ကိုဒီနားမှာဘဲ ထိုင်စောင့်ဖို့မှာသွားတာ..."

"ဟုတ်လား...သမီးမေမေမလာသေးရင် ဦးဦးပြန်လိုက်ပို့ပေးမယ်လေ....."

"ဟင့်အင်း  ....မေမေကဘယ်သူခေါ်ခေါ်မလိုက်ရဘူးလို့ပြောတယ်... သံသံမလိုက်ချင်ဘူး...."

"ဟုတ်ပါပြီ.... နေဦး...ဒါဆိုရင် ဦး သမီးကိုမုန့်ဖိုးပေးခဲ့မယ်နော်..."

နေရတု သူ့ပိုက်ဆံအိတ်ထဲက တစ်သောင်းတန်တစ်ရွက်ထုတ်ပြီး သံသံလေးလက်ထဲထည့်လိုက်ကာ..

"သမီးအတွက် မုန့်ဖိုး.....စားချင်တာဝယ်စားနော်.."

သံသံလေး နေရတုအားခေါင်းခါပြလိုက်၍...

"သမီးမေမေက သူများပေးတာမယူခိုင်းဘူး...".

"သူများပေးတာမှမဟုတ်ဘဲ..ဦးဦးပေးတာကို...ယူထားလိုက်နော်....နောက်နေ့ကျမှ အရုပ်လှလှလေးဝယ်ပေးမယ်သိလား..."

နေရတုပြောပြီး သံသံလေးရဲ့ခေါင်းကိုဖွဖွလေးပုတ်ကာ သူ့ကားဆီ ပြန်သွားလေသည်။

သံသံလေးကတော့သူပေးသည့် တစ်သောင်းတန်လေးကို ကိုင်ပြီး သူ့အားပြူးကြောင်ကြောင်လေးဖြင့် လိုက်ကြည့်နေလေသည်။

~ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည်~Where stories live. Discover now