part:9

2.8K 57 0
                                    

~¡~ ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည် ~¡~

အပိုင်း(၉)

"ဒါ ရှင်...ဘယ်နေရာကိုခေါ်လာတာလည်း
မြေအနှစ် "

"ငါ ဘယ်နေရာကိုဘဲခေါ်ခေါ်....မင်းကိုယ်တိုင်ငါ့ကားပေါ်ကို ကျေကျေနပ်နပ်နဲ့လိုက်လာတာနော် .."

"ရှင် ဘာတွေမဟုတ်တာလုပ်မလို့လည်း.....ကျွန်မအခု ရှင့်ကားပေါ်ကဆင်းမယ်..."

"အေးဆေးပေါ့.....စိတ်ချ.....ငါမင်းရဲ့မသတီစရာကောင်းတဲ့ခန္ဓာကိုယ်ကို မထိတွေ့ဘူး....."

"ရှင်......"

"မဟုတ်လို့လား.....ယောကျ်ားတကာနဲ့ပတ်သတ်နေတဲ့ မင်းလိုမိန်းမမျိုး....ဘယ်နေရာကသန့်ရှင်းလို့လဲ....."

"မြေအနှစ်.....ရှင် တော်ရုံတန်ရုံဘဲ ကျွန်မကိုပြောတာ ကောင်းမယ်နော်.....ကျွန်မ အရင်ကဆိုးခဲ့တာမှန်တယ်......ဒါပေမယ့် အခု ကျွန်မရှင်ထင်သလိုမဟုတ်တော့ဘူး...."

"အဟက်.....အခုကို ငါမျက်လုံးနဲ့ထိပ်တိုက်တွေ့ခဲ့တာကို မင်းကငါ့ကို ပြောင်ငြင်းချင်သေးတာလား.."

"အဲဒါ့က......"

"တော်ပြီ......မင်းရှင်းပြချက်လည်း ငါမကြားချင်ဘူး....."

မြေအနှစ် သူမပြောစကားကို လက်ကာပြပြီး ရပ်တန့်လိုက်သည်။

ဆူး သူ့ကို ဖြေရှင်းပြချင်သော်လည်း သူကလက်မခံ၍ အခက်တွေ့နေသည်။ ဆူးက သူထင်သလိုမဟုတ်ဘူးဆိုတာ ဘယ်လိုများပြောပြရပါ့မလည်း....

လူပျက်သည့်လမ်းအကွေ့တစ်ခုရောက်သည့်အခါ...သူကားကို ရပ်လိုက်သည်။

"မင်း ဆင်းတော့....."

"ဟမ်....."

ဆူးပန်း ဘေးဘီကိုဝဲကြည့်တော့ ချုံတွေထူပြီး လူနေအိမ်ရယ်လို့သိပ်မရှိ.....စက်ရုံတွေသာရှိပြီး.... လူကလည်းပျက်လေသည်။ ပြီးတော့ ဆူးတို့အိမ်နဲ့လည်း အရမ်းဝေးလွန်းသည်။

"ဆင်းတော့လို့...."

"ဒီနေရာမှာလား..."

"ဟုတ်တယ်... မင်းဒီနေရာကနေ အိမ်ကို​ခြေလျင်ပြန်...."

"ဘာ......မြေအနှစ်...ရှင်ယုတ်မာလွန်းတယ်လို့
မထင်ဘူးလား..."

"ငါယုတ်မာတယ်ဆိုလည်း
အဲဒါ့မင်းကြောင့်ဘဲ...."

~ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည်~Where stories live. Discover now