part:14

3.2K 57 0
                                    

~¡~ ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည် ~¡~

အပိုင်း(၁၄)

"ကျုပ်သားရဲ့တဇွတ်ထိုးနိုင်မှုကြောင့် ဒီဘက်ကသမီးရှင်တွေကို တောင်းပန်ပါတယ်ဗျာ....အဓိကကတော့ မောင်မြေအနှစ်ကို
အန််ကယ်တောင်းပန်ပါတယ်...."

"ဖြစ်ပြီးတာက ဖြစ်ပြီးသွားပြီဘဲ.....ပြန်ပြင်လို့မှမရတာ....ကျွန်တော့်ညီမလေးကို တကယ်မေတ္တာရှိတယ်ဆိုရင်ဘဲ လက်ခံပါတယ်......ကျွန်တော့်ညီမလေးစိတ်ချမ်းသာရင် ကျွန်တော်ပျော်ရတာနဲ့အတူတူပါဘဲ......"

"ဒီလို အေးအေးချမ်းချမ်းလေးဘဲ ကျေအေးပေးလို့ အန်ကယ်တကယ်ကျေးဇူးတင်ပါတယ်....မင်္ဂလာပွဲကိုလည်း ခမ်းခမ်းနားနားကျင်းပပေးမယ့်အပြင်...အခုသမီးတာဝန်ကျတဲ့ဆေးရုံမှာလည်း အဆောင်အသစ်တစ်ခု ဆောက်လုပ်လှူဒါန်းဦးမှာပါ..."

မြေအနှစ် ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။
ရင်ထဲမှာတော့ အကြာကြီးခွဲခွာခဲ့ရပြီးမှ
ပြန်တွေ့တာမကြာသေးသည့် ညီမလေးက အခုတော့ သူတစ်ပါးလက်ထဲ ထည့်ပေးရတော့မည်။ အတောင်စုံရင် သွားမှာသိသော်လည်း အခုလိုထိပ်တိုက်ရင်ဆိုင်ရတော့....

"ပကာသနတွေမလိုပါဘူးအန်ကယ်....ကျွန်တော့်ညီမလေးတစ်သက်လုံးစိတ်ချမ်းသာရမယ်ဆိုရင် ကျေနပ်ပါတယ်..... မင်္ဂလာကိစ္စကတော့ အဆင်ပြေသလိုဘဲစီစဥ်လိုက်ပါ....."

~~~~~~~~

သမီးလေးနဲ့ဖုန်းပြောအပြီး ခြံထဲကဒန်းစီးပေါ်ထိုင်နေသည့်သူ့ကိုတွေ့ရ၍ ဆူး အိမ်ထဲကထွက်လာခဲ့လိုက်သည်။

"ရွှေအနှစ်ဆိုတာ ရှင့်ညီမလား...."

"အင်း...ဟုတ်တယ် ငါ့ညီမဘဲ..."

"စိတ်မကောင်းဖြစ်နေ​တာလား....မြေအနှစ်..."

"ဖြစ်တာပေါ့......ငါ့မှာ မိခင်တစ်ယောက်လုံးဆုံးရှုံးသွားပြီးကတည်းက သံယောဇဥ်တွယ်စရာ ငါ့ညီမလေးဘဲရှိတာ.......အခု ငါ့ရင်ထဲကနေထွက်သွားတော့မယ်ဆိုတော့ ဝမ်းနည်းမိတယ်..."

"ရှင်ကိုယ်တိုင် မထုတ်သ၍ ဘယ်သူမှရှင့်ရင်ထဲကနေ ထွက်သွားလို့မရပါဘူး...."

သူမပြောလိုက်သည့်နှစ်သိမ့်စကားကြောင့်
မြေအနှစ် သူမအား ငေးကြည့်နေမိသည်။ သူမပြောသည့်စကား သိပ်မှန်ပါသည်။
သူမနဲ့နှစ်တာကာလရှည်​အောင်သာ ဝေးကွာခဲ့ရတာ သူ့ရင်ထဲကမထုတ်နိုင်ခဲ့တာကြောင့် ဝေးသွားသည်ဟု မခံစားခဲ့ရပါ။

~ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည်~Where stories live. Discover now