~¡~ ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည် ~¡~
အပိုင်း(၂၀) ဇာတ်သိမ်းပိုင်း
မင်္ဂလာခန်းမကြီးရဲ့အလယ်တွင် အဖြူရောင်သတို့သမီးလေးတစ်ဦးက လှပစွာရပ်နေလျက်...သတို့သားဖြစ်သူ၏ မျက်လုံးတွေကလည်း သတို့သမီး၏အလှဆီမှ မခွဲနိုင်မခွာနိုင်.....
အဖြူရောင်နှင်းဆီပွင့်
တစ်ပွင့်တည်းပန်ထားသည့်သူမက အပြစ်ကင်းစွာ လှပလို့နေလေသည်။ ပြုံးယောင်သမ်းနေသောနူတ်ခမ်းလေးမှာ နှင်းဆီအဖူးပွင့်လေးလို...ချီးမွှမ်းဂုဏ်ပြုစကားပြောနေသော သူ၏မိတ်ဆွေက သူ့အာရုံထဲမှာ ပေါ်မလာ။သူ့မျက်လုံးတွေ သူ့အာရုံတွေ သူ့အတွေးတွေအားလုံးကို အဖြူရောင်ဆူးလှလှလေး လွှမ်းမိုးသွားခဲ့ပြီဖြစ်၏။ မြေအနှစ်ဆိုသည်က မဟာချစ်တတ်သော လူသားကြီးပင်။ သူ့အငြိုးတွေက လေဟာနယ်မှာရေငွေ့များပျောက်သလို လွင့်ပျောက်ကုန်၏။ ထိုသည်ကား ချစ်ခြင်းတရား၏နိယာမပင်။
"တီတီလေး မေဆူးကလှလိုက်တာနော်...
သမီးကြည့်တဲ့ ဘာဘီကာတွန်းကားထဲက မင်းသမီးလေးလိုဘဲ....""ဒါပေါ့ သမီးမေဆူးက အရမ်းကိုလှတာ အဲဒါကြောင့်လည်း သမီးဖေဖေက အရည်တွေပျော်ကျသွားသလို ချစ်နေတာနေမှာ....."
"တီတီလေးကိုရော........ချစ်မယ့်သူမရှိဘူးလား.."
"ဟင်....."
ကလေးမေးခွန်းကို ရွှေရွှေအဖြေရခက်နေခိုက် နေရတုက ထိုင်ခုံတွင်ဝင်ထိုင်၍ ...
"ဦးဦးရှိတာပေါ့...ဟောဒီ့ဦးဦးကလေ သမီးတီတီလေးကို အသည်းပေါက်မတတ်ချစ်တာ"
"ကိုနေရတုနော်...."
"အိမ်မှာလို ကိုကိုဘဲခေါ်ပါ အနှစ်လေးရဲ့..."..
"ရှင်ဘယ်လိုဖြစ်နေတာလည်း လူတွေကြားထဲမှာ.."
"မရှက်ပါဘူး ကိုယ့်မိန်းမကိုချစ်တယ်ပြောတာ ရှက်စရာလား........"
"တော်တော်ပြောရဆိုရခက်တဲ့လူ...."
"မင်းပြောရင်တော့ ကိုယ်ကတစ်ခွန်းထဲနဲ့ နာခံတဲ့သူပါ......"
"ရိုမန့်တစ်ဇာတ်ကားတွေ လာရိုက်ပြမနေနဲ့"
"အဟွန်း....."
YOU ARE READING
~ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည်~
Romanceဒီယုဇနပန်းတွေကိုမုန်းသလိုမျိုး ကျွန်မကိုလည်း မုန်းလိုက်ပါလား မြေအနှစ်ရယ်.... မင်းမုန်းခိုင်းတိုင်း ငါမမုန်းနိုင်လို့ခက်တယ်.... >လူတစ်ယောက်ကို မုန်းတယ်ဆိုတာ လွယ်ပါတယ်.....ဒါပေမယ့် ချစ်လွန်းအားကြီးပြီး အချစ်ငြိုးတွေဖြစ်ပေါ်လာရင် အဲ့အငြိုးတွေလက်ထဲကနေ...