part:5

3K 50 0
                                    

~¡~ ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည် ~¡~

အပိုင်း(၅)

"မြေကြီး.......ဟေ့ကောင်မြေကြီး.....ထဦး....ဟေ့ကောင်"

မျက်လုံးတွေကို အားယူပြီးဖွင့်ကြည့်ပေမယ့် ဖွင့်လို့မရပေ။ အေးစက်နေသည့်ရေတွေ သူ့ကိုယ်ပေါ် ဗွမ်းခနဲကျလာမှ သူ့မျက်လုံးတွေကောင်းကောင့်ပွင့်သွားရသည်။

သူ့ကိုရေလောင်း၍ နှိုးနေသူက သူရဖြစ်သည်။

"သူရ........"

"ထပါဦး....မြေအနှစ်ရာ.....ထပါဦးကွ...."

"အား....ကျစ်....ငါ့ခေါင်းတွေ ကိုက်လိုက်တာကွာ...."

"မင်းညက ဘယ်တွေသွားပြီးဘာတွေဖြစ်ခဲ့တာလဲ ​မြေအနှစ်....."

မြေအနှစ် ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်မိတော့ သူအိပ်နေသည့်နေရာက ပလက်ဖောင်းဘေးက မြက်ခင်းပြင်ပေါ်တွင်ဖြစ်၏။ သူရကသာမေးနေတာ သူ့ကိုယ်သူလည်း ဘာမှမမှတ်မိတာဖြစ်သည်။

"ငါ မနေ့ညက မင်းတို့ကိုစောင့်နေတာလေ....ဘယ်လိုလုပ်ပြီးဒီနားရောက်နေတာလဲ"

"ဟမ်.......မင်းဘာမှမမှတ်မိပြန်ဘူးလား......ငါပြောမယ်မင်းစိတ်ကို ခိုင်ခိုင်ထားနော်....."

"ဘာဖြစ်လို့လဲ "

"မနေ့ညက လျှပ်စစ်မီးကြိုးတွေပျက်ကျပြီး ငါတို့ရက်ကွက်ထဲမီးလောင်တယ်.......မင်းတို့အရှေ့ဘက်အိမ်ကစလောင်တာ.....မီးကတော်တော်များတယ် ..လောင်တဲ့အချိန်က လူခြေတိတ်ချိန်ဆိုတော့မီးမနိုင်ဘူး..မီးလောင်တဲ့ထဲမင်းအမေပါသွားတယ် မြေကြီး.....မင်းညီမတောင်ငါတို့မနည်းကယ်လိုက်ရတာ...."

"ဘာ......."

ခေါင်းတစ်ခုလုံးပူထူပြီး ချာချာလည်သွားရသည်။ နှလုံးခုန်သံတွေက အဆမတန်မောဟိုက်လာကာ.....

"သူရ......သူရ......မဟုတ်ဘူး...ငါ့အမေမသေဘူး....မင်းလိမ်နေတာမို့လား.... နောက်နေတာမို့လား"

"ဒါနောက်စရာကိစ္စမဟုတ်ဘူးမြေအနှစ်........ငါအတည်ပြောနေတာ....ရက်ကွက်ကလူတွေသွားတဲ့အချိန်မှာ မင်းတို့အိမ်လုံးဝလောင်ရဲနေပြီ.....ရွှေရွှေ့တစ်ကိုယ်လုံးလည်းမီးလောင်ဒဏ်ရာတွေနဲ့ အခုဆေးရုံမှာ......... ဆေးသောက်ပြီး အိပ်မောကျနေတဲ့မင်းအမေ မီးထဲကနေငါတို့မကယ်နိုင်ခဲ့ဘူး....."

~ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည်~Where stories live. Discover now