" ဟင့်..မေမေ့နားကလွဲပီး ဘယ်မှမသွားဘူးနော် ဟင့်ဟင့်"
"ငယ်..ဟင့် ..ငယ်တို့ကို ဘယ်သူ့မှမပေးလိုက်ပါနဲ့နော် ဟင့်ဟင့်...မေမေနဲ့ပဲနေမှာလို့ နော်.."မေမေ့ကိုတင်းကျပ်စွာဖက်ထားပီး
ငယ်ပြောကာအော်ငိုနေမိသည်
မခွဲနိုင်ဘူး မေမေ့ကိုမခွဲနိုင်ဘူး
မေမေဟာလဲငယ့်ကိုဖက်ပီးသာငိုနေရှာသည်
ငယ်မှားတာ ငယ်သာထိုဧည့်သည်တွေကိုအိမ်ခေါ်မလာခဲ့ရင် ငယ်ဟာမေမေ့သမီးပါလို့ဝန်မခံခဲ့ရင်ခုလိုဖြစ်မှာမဟုဘူးဟင့်
ငယ်မှားတာ ငယ်မကောင်းတာဟင့်ဟင့်အတော်ကြာသည်ထိငယ်ရောမေမေရော
တစ်ယောက်ကိုတစ်ယောက်ဖက်ကာငိုနေခဲ့မိသည်ခဏအကြာမေမေ့ရင်ခွင်ထဲမှငယ်ထွက်ကာ
"မေမေ သူတို့ကဘယ်သူလဲဟင်
ဘာလို့ ငယ်နဲ့ခေတ်လေးကိုမွေးစားချင်ရတာလဲ ဟင့်..သူတို့ကမေမေနဲ့အသိတွေလားဟင် ငယ်...ငယ်တို့ကို သူတို့နဲ့မထည့်ဘူးမလားဟင်
ညနေကျပြန်လာခဲ့ရင် ငယ်တို့ကိုမထည့်လိုက်ဘူးမလားဟင်"ငိုထားလွန်းလို့ရှိုက်သံလေးတွေပါကာ
သူတို့ကိုမထည့်လိုက်ဘူးမလားဆိုပီးမေးနေတဲ့
သမီးကြီးကိုနှောင်းငယ်ဘာမှပြန်မဖြေမိပေ
အသံတိတ်ငိုကြွေးနေရုံသာနှောင်းငယ်တတ်နိူင်သည်လေ
နှောင်းငယ့်ဘယ်လိုစိတ်နဲ့များအတ္တကြီးရက်ပါ့မလားဟင် နှောင်းငယ်နဲ့နေရင်သမီးလေးနှစ်ယောက်လုံးပင်ပင်ပန်းပန်းနေရရှာမှာ
ပီးတော့ နောင်နဲ့ခိုင်ဆိုတာလဲသူစိမ်းတွေမှမဟုပဲ နှောင်းငယ်ဘယ်လိုလုပ်ရမလဲဟင်
နှောင်းငယ်အတ္တကြီးချင်တယ်
သို့သော်သမီးလေးနှစ်ယောက်အတွက်နှောင်းငယ်အတ္တမကြီးရက်နိုင်ပါ"မေမေ ပြန်ဖြေဦးလေလို့..ဟင့် နှောင်းငယ်တို့ကိုမထည့်လိုက်ဘူးမလားလို့ ..ဖြေလေလို့ဟင့်ဟင့်.."
ဘာမှပြန်မဖြေပဲငယ့်မျက်နှာကိုစိုက်ကြည့်ကာ
မျက်ရည်ကျနေရှာတဲ့မေမေ
မေမေ့အတွေးတွေကိုငယ်နားလည်သလိုပင်အတင်းမေးနေရှာတဲ့သမီးကြီးကို
နှောင်းငယ်ဘယ်လိုပြန်ဖြေရမလဲ
မေမေဘယ်လိုပြန်ဖြေရမလဲကွယ်
YOU ARE READING
ဆူးများကြားက ပန်းတစ်ပွင့်
Actionမမငယ်ပြောတော့ ဘယ်တော့မှမခွဲဘူးဆို ဘာလို့ခေတ်ကိုစွန့်ပစ်ခဲ့ရတာလဲ ခေတ်လေ မမငယ်ကိုအရမ်းမုန်းတယ် ခေတ်သစ်ငယ်(နှိုင်းရတုငယ်) ခေတ်ကို မမငယ်စွန့်မပစ်ရပါဘူးကွယ် ခေတ်လေးဘဝကောာင်းစားဖို့ မမငယ်ရွေးချယ်ခဲ့ရုံပါ ဒီရွေးချယ်မှုကမမငယ်အတွက်လဲလွယ်ကူမနေခဲ့ပါဘူး ဒါမဲ့ မ...