လသာဆောင်ကဆင်းလာတော့
6နာရီထိုးနေပီ မျက်နှာသစ်ရန်ရတုရေချိုးခန်းဝင်ခဲ့သည် လူကသိပ်မလန်းတာနဲ့ ရေပါတစ်ခါထဲချိုးလိုက်သည်
ရတုရေချိုးပီးအကျီလဲနေစဥ်ဒေါက် ...ဒေါက်...
"ရတု..သမီးရေ....နိုးပီးလား"
"ဟုတ် ရတုနိုးပီ ကြီးမြိုင် ..ရေတောင်ချိုးပီးပီရယ် ခုအကျီဝတ်နေလို့"
အကျီဝတ်လက်စဖြစ်နေတာမို့ ကြီးမြိုင်ကိုအော်ပြောလိုက်ရသည်
"အွန်း..ဒါဆိုသမီးပီးရင်အောက်ဆင်းခဲ့တော့နော် ....ခိုင်တို့ကမနက်စာ စားဖို့စောာင့်နေတယ်"
"ဟုတ် ရတုပီးရင်ဆင်းခဲ့မယ်နော်"
စကားသံပြန်မလာတော့ပဲအခန်းရှေ့မှခြေသံဟာတစ်ဖြည်းဖြည်းပြောက်ကွယ်သွားသည်
ရတုလဲအကျီလဲပီးတော့
ကိုယ်လုံးပေါ်မှန်ရှေ့တွင်ရပ်ကာ
ကိုယ့်ကိုကိုယ်ကြည့်နေမိသည်
စတိုင်ပန်တွေပဲဝတ်တတ်သည်မို့
အဖြူရောင်စတိုင်ပန်နဲ့ ရှပ်လက်ရှည်အဖြူရောင်ကိုဝတ်ဆင်ထားသည်
ဆံပင်ကလဲအဖြူဆိုတော့တစ်ကိုယ်လုံးဖြူနေသည် သို့သော်ကြည့်ကောင်းလှသည်
ရတုဟာအဖြူရောင်ကိုသာအများဆုံးသုံးတတ်သည် ဥပမာ လက်ကိုင်အိတ်ကအစပေါ့
အသေးမွှားပစ္စည်းများဟာာလဲအဖြူသာများသည် ခုလက်ရှိရတုကားဟာလဲအဖြူပင်
အဲ့လောက်ထိကိုအဖြူကိုနှစ်သက်တာ
မိန်းကလေးတွေရဲ့မြတ်နိုးရာဆံစများကိုလဲအဖြူဆိုးထားတာကြည့်တော့"အဟတ်"
မှန်ထဲက ကိုယ့်ပုံရိပ်ကိုယ်ပြန်ကြည့်ကာ
မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပီး
လက်တစ်ဖက်ကိုဘောင်းဘီအိပ်ကပ်ထဲထည့်ကာ လက်ကိုင်အိတ်ကိုယူလိုက်သည်
ပုံမှန်ထက်ရှည်လွန်းသည့်အရပ်ကြောင့်
ခြေလှမ်းတွေဟာမြန်နေသယောင်
အောက်ထပ်ကထမင်းစားခန်းတွင်
ပါးနဲ့မားထိုင်နေသည်ကိုမြင်တော့"morning ပါး ..morning မား.."
ပါးနဲ့မားရဲ့ပါးတစ်ဖက်စီနမ်းကာနှုတ်ဆက်လိုက်သည်
ရတုလေးကိုမြင်တော့ နောင်ရောခိုင်ပါခေါင်း
အသာခါမိသည်
အဖြူကိုအရမ်းကြိုက်တဲ့ရတုလေး
ခုလဲ တစ်ကိုယ်လုံးအဖြူ
ဒါမဲ့ ရတုလေးနဲ့လိုက်သည်
ပြုံးတာရှားပေမဲ့နောင်နဲ့ခိုင်ကိုတော့နွေးနွေးထွေးထွေးဆက်ဆံရှာသည်
YOU ARE READING
ဆူးများကြားက ပန်းတစ်ပွင့်
Actionမမငယ်ပြောတော့ ဘယ်တော့မှမခွဲဘူးဆို ဘာလို့ခေတ်ကိုစွန့်ပစ်ခဲ့ရတာလဲ ခေတ်လေ မမငယ်ကိုအရမ်းမုန်းတယ် ခေတ်သစ်ငယ်(နှိုင်းရတုငယ်) ခေတ်ကို မမငယ်စွန့်မပစ်ရပါဘူးကွယ် ခေတ်လေးဘဝကောာင်းစားဖို့ မမငယ်ရွေးချယ်ခဲ့ရုံပါ ဒီရွေးချယ်မှုကမမငယ်အတွက်လဲလွယ်ကူမနေခဲ့ပါဘူး ဒါမဲ့ မ...