ep 14

302 16 2
                                    

"မွန် ဘာလို့မျက်နှာကြီးစူပုတ်နေတာလဲကွာ.."

မျက်မှောင်ကျုုံ့ကာ စူပုတ်ပုတ်ရုပ်လေးဖြင့်ရှေ့ကနေကော့တော့ကော့တော့သွားနေတဲ့အပုလေးမွန်​ပင် ကွန့်ကိုတောင်မစောင့်ပဲသွားနေတာမို့နောက်ကနေမေးလိုက်ခြင်းသာ

"ဘယ်မှာစူပုတ်နေလို့လဲ..."

ရှေ့ကနေသွားနေရာမှ ရပ်ကာနောက်လှည့်ပီး​ကွန့်ကိုပြောလိုက်သည်

"အဲ့မှာလေ...အဲ့မှာ မျက်နှာကြီးစူပုတ်နေတာ
နူတ်ခမ်းကလဲ ကွန့်ကိုလာထိုးတော့မလားအောက်မေ့ရတယ်...သိလား...ဟားးဟားး"

"အယ်လီကွန်....!!!!!"

ပိုပီးစူပုတ်သွားတဲ့မျက်နှာနဲ့ ကွန်လွှင့်မထွက်အော်လိုက်တဲ့  မွန့်ကြောင့်

"ဟီး  မစတော့ဘူး...မစတော့ဘူးနော်"

လူခွဲလာပါပီဆိုကတည်းက  ဟိုလိုတစ်မျိုးဒီလိုတစ်မျိုးလိုက်ပီးစနေတဲ့ကွန့်ကြောင့် မွန်စိတ်တိုလာရသည်  စျေးဝယ်ရင်းလဲ မထိတစ်ထိစနေပြန်သေးသည်

"ကွန် ဘာဖြစ်နေတာလဲ..ဒီနေ့တော်တော်အူကြွနေပါ့လားဟမ်..."

"အဟီး ဘယ်မှာအူကြွနေလို့လဲမွန်ရဲ့.."

ပြောစပ်စပ်မျက်နှာဘေးနဲ့ပြောလာသည့်ကွန်ရယ်ပါ

"မျက်နှာကိုက ဆွဲကုတ်ပစ်ချင်စရာကြီး...မုန်းလိုက်တာ..."

ကွန့်ကိုပြောပီး ရှေ့သို့ပြန်လှည့်ကာ လမ်းဆက်လျောက်ရင်း အတော်ကြာတဲ့ထိအသံမကြားတာမို့ ခေါင်းလေးစောင်းငဲ့ကြည့်လိုက်မိသည်

"အဲ့တာဘာရပ်လုပ်နေတာလဲ..."

ခုနကနေရာတွင်ပဲရပ်နေသေးတဲ့ကွန်ရယ်ပင်
မွန်  မေးတာကိုဘာမှပြန်မဖြေပဲ ခေါင်းငုံ့နေတာမို့ ကွန့်အနားသွားကာ

"ဘာရပ်လုပ်နေတာလဲလို့ကွန်.....တီနှိုင်းတို့စောင့်.....အယ် ကွန် ငိုနေတာလား....
ဘာဖြစ်လို့လဲ....မွန့်ကိုပြော...ကွန် ..မွန့်ကိုကြည့်....."

မျက်ရည်ဝဲနေရာက မွန်မေးလိုက်တော့မှ ပါးပြင်သို့စီးကျလာတဲ့မျက်ရည်တွေကြောင့်
ကွန့်ပါးပေါ်က မျက်ရည်လေးတွေအား လက်လေးဖြင့် သုတ်ပေးလိုက်သည်

ဆူးများကြားက ပန်းတစ်ပွင့်Where stories live. Discover now