မွန်တို့တိုက်ခန်းရှေ့ရောက်တော့ ကားလေးဟာတုန့်ခနဲရပ်တန့်သွားသည်
ကားရပ်တာတောင်သတိမထားမိလောက်တဲ့ထိကိုအတွေးနယ်လွန်နေခဲ့သူမှာရတုပင်
တစ်လမ်းလုံးအပြင်ဘက်ကိုသာငေးကြည့်ပီးတိတ်ဆိပ်စွာလိုက်ပါလာတဲ့ရတုမှာ ခုလဲ
အပြင်ဘက်သို့ငေးမြဲငေးဆဲ
ဒါကိုကြည့်ပီးကွန်နဲ့မွန်ဟာသက်ပြင်းချလျက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိသည်"ရတု....ရတု...ဟေ့..!!ရတု!!
အနည်းသာကွာဝေးတဲ့ကားထဲတွင်တောင်
အော်ခေါ်လိုက်မှ အသိဝင်တဲ့ ရတု"ဟင်..အင်း...မွန်ပြောလေ..."
"ဟင်းးးရောက်နေပီလို့..."
မွန်လဲသက်ပြင်းချလျက်ပြောလိုက်တယ်
အဲ့ကိုခေါင်းလေးငြိမ့်ကာ ပြန်ဖြေလာတဲ့ရတု"အောာ်...အင်း..."
ထိုသို့ပြောပီးကားပေါ်ကဆင်းကာတိုက်ခန်းသို့
ဦးတည်သွားတဲ့ရတုကိုကြည့်ကာ မျက်နှာမကောင်းဖြစ်သွားရှာတဲ့မွန့်ကိုကြည့်ပီး"အထဲရောက်မှ သေချာမေးရအောင်ပါ...
ဝမ်းနည်းမနေပါနဲ့မွန်ရယ်နော်...အဆင်ပြေသွားမှာပါ...."ကားပေါ်ကဆင်းသွားသည့်ရတုကိုကြည့်ကာစိတ်မကောင်းဖြစ်နေတဲ့မွန်ကြောင့်
ကွန်လဲအားပေးစကားပြောလိုက်မိတယ်"အင်းပါ...လာ...သွားရအောင်..."
ကားပေါ်ကနေဆင်းကာ မွန်နဲ့ကွန်လဲတိုက်ခန်းစီဦးတည်ခဲ့သည်
XXXXXXXXXXXXXXXXXXXX
ခရာ့စိတ်တွေဘာဖြစ်မှန်းမသိတော့ပေ
ဘာလို့ ဒီလိုဖြစ်နေရတာလဲ
အကြောင်းပြချက်မရှိစိတ်တိုနေမိသည်
ထိုအူကြောင်ကြားလေးရဲ့စကားကိုကြားပီးကထဲက ခရာ့စိတ်တွေမကြည်တော့
ဘာမှမလုပ်ပါပဲ ဒီတိုင်းနေတဲ့
ရတုကိုပင်အောာ်ငေါက်ခဲ့သည်
ထိုတင်မက တောက်ပါခေါက်ခဲ့မိသည်
ဘယ်တုန်းကမှအော်ငေါက်ခြင်းမရှိခဲ့တော့
ရတုလေးလဲအံ့သြကာ ဝမ်းနည်းသွားတယ်ထထင်ရဲ့ ရတုမျက်လုံးထဲမှာ မျက်ရည်တွေလျှံတတ်လာခဲ့တာကို ခရာသေချာမြင်လိုက်တယ်
သို့သော် ဘာစကားမှမပြောမိပါ
အိမ်ရောက်တော့လဲဘာမှမပြောပဲ
အခန်းထဲသာ လာခဲ့မိသည်
ကွန်နဲ့မွန်လဲထူးဆန်းနေရောမယ်
ဘာလို့ဆို ရတုနဲ့ခရာဒီလိုတစ်ခါမှ မှမဖြစ်ဘူးတာ ရတုလေးကိုအော်ခဲ့မိလို့
ခရာလဲစိတ်မကောင်းဖြစ်ရသည်
ဒါမဲ့ ဟိုအူကြောင်ကြားရဲ့စကားသံနဲ့
ရတုကိုဖက်လိုက်တဲ့မြင်ကွင်းအားပြန်ပြန်မြင်ယောင်တိုင်း အလိုလိုနေရင်းစိတ်ကတိုလာရပြန်သည် ထိုအူကြောင်ကြားနဲ့ဘာမှလဲမဆိုင်ပါပဲ ဘာလို့များခရာ့စိတ်တွေအလိုမကျဖြစ်နေရတာလဲ ပီးတော့ ဘာလို့များ ခရာ့အတွေးတွေထဲမှာထိုအူကြောင်းကြားပဲရှိနေရတာလဲ
ခရာ့မှာမေးခွန်းပေါင်းများစွာရှိနေသော်လဲ
အဖြေမရှိခဲ့ အခန်းထောင့်လေးမှာထိုင်ရင်း
ဦးတည်ရာမရှိတွေတွေလေးငေးကြည့်နေရင်း
မွန် တံခါးလာခေါက်တာကိုကြားလိုက်ရသည်
သို့သော်ထိုင်ရာမှမထဖြစ်သလို့ ဘာမှလဲပြန်မပြောမိခဲ့ ရတုကို အလုပ်ကိစပြောဖို့ ခဏခေါ်သွားမယ်ဆိုပီးပြောလာတော့လဲ ခရာဘာမှပြန်မဖြေခဲ့မိ ခရာသိတာပေါ့ ရတုလေးဝမ်းနည်းနေတာကို တောင်းပန်ပါတယ်ရတုလေးရယ်
ခရာ့ကြောင့်ရတုလေးထပ်ပီးနာကျင်ရပြန်ပီ
တံခါးပေါက်ရှေ့က မွန်ကတော့အတော်ကြာတဲ့ထိရပ်စောင့်ပီးမှ ပြန်ဆင်းသွားတဲ့ခြေသံကိုကြားလိုက်ရသည် ခရာ့မှာတော့ အတွေးပေါင်းများစွာနဲ့ အမှောင်ချထားတဲ့အခန်းထဲမှာထိုင်နေခဲ့မိသည်
ဘယ်ချိန်ထိထိိုင်နေခဲ့မိမှန်းမသိ
ကိုကြီးနဲ့မခိုင်တို့တောင်ပြန်လာပီထင်ပါရဲ့
ကိုကြီးကားသံကြားလိုက်တယ်
ဟိုတစ်ခေါက်ကပြန်လာတော့ ကိုကြီးမောင်းထုတ်လိုက်ကတည်းကကိုကြီးနဲ့မခိုင်အားမတွေ့ရသေးပေ
YOU ARE READING
ဆူးများကြားက ပန်းတစ်ပွင့်
Actionမမငယ်ပြောတော့ ဘယ်တော့မှမခွဲဘူးဆို ဘာလို့ခေတ်ကိုစွန့်ပစ်ခဲ့ရတာလဲ ခေတ်လေ မမငယ်ကိုအရမ်းမုန်းတယ် ခေတ်သစ်ငယ်(နှိုင်းရတုငယ်) ခေတ်ကို မမငယ်စွန့်မပစ်ရပါဘူးကွယ် ခေတ်လေးဘဝကောာင်းစားဖို့ မမငယ်ရွေးချယ်ခဲ့ရုံပါ ဒီရွေးချယ်မှုကမမငယ်အတွက်လဲလွယ်ကူမနေခဲ့ပါဘူး ဒါမဲ့ မ...