နွေရာသီရဲ့မန်းလေးအပူချိန်တောင်အန်တုနိုင်တဲ့ထိုနေရာလေး
မန္တလေးမြို့တော်ရှိတောင်သမန်းအင်းခေါ်ဦးပိန်တံတား
ဘေးပတ်ပတ်လည်ကန်ဘောင်တွေဟာလဲ မြင့်မားလှသည် သို့သော်ရေတတ်ချိန်ဆို ထိုကန်ဘောင်ထိကိုရေတတ်လေ့ရှိသည်
ရေတတ်သည့်ချိန်တွင် ကန်ဘောင်ပေါ်ထိုင်ပီးရောင်နီသန်းနေတဲ့နေလုံးကြီးကိုနောက်ခံထားပ်ိီး ရေပြင်ပေါ်ကတံတားကြီးကိုကြည့်ရသည်မှာ လျို့ဝှက်ဆန်တဲ့ပန်းချီကားတစ်ချက်ကို ကြည့်နေရသလိုပင် နေဝင်ဆည်းဆာရဲ့အလှပကိုတွေ့ရှိရပီး အုံ့မှိုင်းနေတဲ့သစ်ပင်ရိပ်တွေကြောင့် ကန်ဘောင်တစ်လျောက်အေးမြလှသည် ထိုကန်ဘောင်ဘေးတွင် အအေးဆိုင်လေးများတန်းစီကာဖွင့်လှစ်ထားကြပီး
အမိုးပင်မလို သဘာဝအေးချမ်းမှုကိုရစေသည်
ထိုအအေးဆိုင်လေးများထဲကတစ်ဆိုင်တွင်"မိုးသားရယ်ဖြေးဖြေးစားပါဘယ်သူမှလုမစားပါဘူး"
ဒီနေ့လပြည့်နေ့မို့ မိုးသားစာအုပ်ဆိုင်ပိတ်သည်
ငယ်နဲ့လဲတူတူမုန့်မစားတာကြာပီဆိုပီးဂျီကျကာ ဦးပိန်ကန်ဘောင်ဘေးးတွင်မိုးသားနဲ့ငယ်မုန့်လာစားသည်သာ ပြောစရာလဲရှိလို့ဆိုပီး
ငယ့်ကိုအတင်းခေါ်သည်ကြောင့်
ပစ္စည်းတွေမပို့ခင် မိုးသားနဲ့လိုက်လာတာ
ရောက်ရောက်ချင်းဘာမှမပြောပဲ
မုန့်တွေအရင်မှာကာ လာချသည်ကိုတောင်မစောင့် ကိုယ်တိုင်ထယူပီး ကလေးတစ်ယောက်လိုပေပွအောင်မစားယုံတစ်မယ် အငမ်းမရစားနေတဲ့မိုးသားကိုကြည့်ပီးငယ်ပြောမိသည်"သိပါတယ် ငယ်ကလဲ...
ငယ်လဲစားလေ ...တခြားထပ်မှာဦးမလား..."စားပွဲတစ်ခုနဲ့တင်မဆန့်လို့ စားပွဲနှစ်ခုဆက်ကာ
ထိုင်စားနေရတာကို ငယ့်ကိုဘာထပ်မှာဦးမလဲတဲ့ မိုးသားရဲ့အစားသောင်းကျန်းပုံကိုကြည့်ပီးငယ်လက်ဖြားခါရသည်ပင်"မိုးသားရယ်..မှာထားတဲ့ဟာတွေလဲကြည့်ပါဦး.. အဲ့ကိုထပ်မှာချင်သေးတာလား..."
ခေါင်းလေးအသာခါကာ
မိုးသားကိုပြောတဲ့ငယ်
ငယ်ပြောလဲပြောချင်စရာ
မှာထားသည်များဟာ လူလေးငါးယောက်စာလောက်ရှိသည် ဒါတောင်အစားကြီးတဲ့သူတွေစားတဲ့ လူလေးငါးယောက်စာရယ်
YOU ARE READING
ဆူးများကြားက ပန်းတစ်ပွင့်
Actionမမငယ်ပြောတော့ ဘယ်တော့မှမခွဲဘူးဆို ဘာလို့ခေတ်ကိုစွန့်ပစ်ခဲ့ရတာလဲ ခေတ်လေ မမငယ်ကိုအရမ်းမုန်းတယ် ခေတ်သစ်ငယ်(နှိုင်းရတုငယ်) ခေတ်ကို မမငယ်စွန့်မပစ်ရပါဘူးကွယ် ခေတ်လေးဘဝကောာင်းစားဖို့ မမငယ်ရွေးချယ်ခဲ့ရုံပါ ဒီရွေးချယ်မှုကမမငယ်အတွက်လဲလွယ်ကူမနေခဲ့ပါဘူး ဒါမဲ့ မ...