ep 12

120 11 0
                                    

မြင်ဖူးတုန်းက  ငါပြောခဲ့တဲ့စကားလေး~~
ငါ့ရင်ကိုကွယ်ကြည်စေတယ်~~~~
တစ်စိမ်းတစ်ယောက်လိုပဲ ~~~
ခုတော့မင်းအကြည့်တွေက~~~~
ဖွင့်မပြောလဲသိခဲ့ရပြီး ~~~~~
အထီးကျန်နေတဲ့ရင်ခွင်မှာ~~~~
မင်းအချစ်တွေက အခုတော့
တစ်ခြားတစ်ယောက်စီမှာ~~~
မချစ်ဖူးလို့ပြောခဲ့လဲလေ~~~
လက်ခံနိုင်ဖို့မရေရာ-ဒို့တိတ်မေ့တွေက
အခုတော့အဆုံးသက်နေလား ~~~~
တကယ်ကိုမုန်းပီလား~~~~
နင်လေမေ့ပီလား~~~~~
အရင်တုန်းကအချစ်တွေ မေ့ပြီလားဟို...~~~
မဖြစ်နိုင်ဘူး တကယ်ကို  ချစ်တယ်သူ~~~~

(အိန္ဒိယဗားရှင်းကို မြန်မာဗားရှင်းအဖြစ်ပြောင်းဆိုထားတဲ့သီချင်းလေးပါ)

ဖုန်းထဲကထွက်ပေါ်နေတဲ့အသဲကွဲသီချင်းသံနဲ့အတူ  ရေကျသံများလဲကြားနေရသည်
ထို့ပြင် ပါးလွှာပိီး ပန်းဆီရောင်သမ်းနေတဲ့နူတ်ခမ်းတစ်စုံမှာလဲထိုသီချင်းအား တိုးတိတ်စွာ
လိုက်ညည်းနေသေးသည်
ထိုချိန်ဖုန်းထဲကသီချင်းသံမှပုလွေသံလေးပြောင်းသွားကာတုန်ခါလာသည်မို့
ဆပ်ပြာမြုတ်တွေကပ်နေပီးဖြူဝင်းသည့်
လက်လေးတစ်ဖက်ဟာတုန်ခါနေသည့်ဖုန်းအားယူကာ

📱ဟဲလို....

📱တီနှိုင်း ..ခုထိထွက်မလာသေးဘူးလား..
ဒီမှာ ကွန်နဲ့ မွန်တောင်ရောက်နေပီ....

ဟဲလိုပဲလုပ်ရသေးတယ် အသံစွာစွာလေးဖြင့်
ခရာ့ကိုပြောလာတဲ့ ရတုကြောင့်
စပီကာချဲ့ကာ ဘေးကလက်တန်းပေါ်ပြန်တင်လိုက်ရင်း

📱ရောက်တော့မှာပါ တူမလေးရယ်..

📱ပြောတာပဲ ခုဘယ်ရောက်နေပီလဲ...တီနှိုင်း..

📱ခုကရေချိုးနေတာလေ....

📱ဟာ....!!!တီနှိုင်းကကွာ ..ပြောတော့ရောက်တော့မှာပါဆို ခုကျ ရေချိုးနေတုန်းတဲ့....!!!

စိတ်မရှည်တော့လို့ အလိုမကျတဲ့အသံလေးဖြင့်ခရာ့ကိုပြောသည်

📱ဟင်းးဟင်းးးပီးပါပီရတုရယ်...
ခဏပဲစောင့်....

အနည်းငယ်ရီသံလေးစွတ်ကာရတုကိုပြောပီးရေချိုးကန်ထဲကထလိုက်သည်
အဝတ်ဗလာဖြစ်နေသည့်ခန္ဓာကိုယ်လေးဖြင့်ရေပန်းအောက်ရပ်လိုက်ကာရေချိုးခြင်းကိုအပီးသတ်ရသည်  မဟုရင် တူမဖြစ်သူရဲ့
ဆူတာကို ခရာခံရတော့မည်လေ
သင်္ကြန်ရောက်တော့မှာမို့ကိုကြီးတို့ကိုကန်တော့ဖို့ ပစ္စည်းတွေဝယ်မည်မို့ရတုနဲ့ချိန်းထားတာ
ကွန်နဲ့မွန်ဆိုတာကလဲမိဘမရှိတော့ ကိုကြီးနဲ့မမခိုင်ကိုပဲ မိဘနေရာထားကာ နှစ်စဥ်ကန်တော့ဖြစ်ကြသည်
ကွန်နဲ့မွန်ဆိုတာခရာတို့ရဲ့မိသားစုဝင်အရင်းအချာတွေလိုကိုဖြစ်နေပီရယ်
ကွန်နဲ့မွန်တို့အကြောင်းကိုစဥ်းစားရင်း
တစ်ပတ်အဖြူရောင်တစ်ထည်အားကိုယ်မှာပတ်လိုက်သည် ရေချိုးခန်းကထွက်ပီး
ကုတင်ပေါ်တွင် ဝတ်ဖို့ချထားခဲ့သည့်
အနက်ရောင်တီရှပ်လက်ပြက်ပြောင်နှင့်
အနက်ရောင်ကိုမှအဖြူစင်းပါတဲ့စတိုင်ပန်အားကောက်ဝတ်လိုက်သည်
ဂုတ်ကျော်ဆံပင်အားလျော်ထားတာမို့
စိုနေသည်ကိုမသုတ်ဖြစ်တော့ပါ
ကုတင်ပေါ်က ယောက်ျားလေးတွေအလွယ်များတဲ့ဘေးလွယ်အိတ်အနက်ရောင်လေးကိုယူကာကောက်လွယ်လိုက်သည်
စားပွဲပေါ်တွင်တင်ထားသည့် ကားသော့နဲ့
မျက်မှန်အမဲရောင်ကိုယူကာ
ရှုးဖိနပ်ခဲရောင်လေးကိုစီးပီး
ဟိုတယ်အောက်သို့ဆင်းလာခဲ့သည်
ဟိုတယ်အောက်ထပ်ရောက်တော့ ကားပါကင်စီသွားမယ်အလုပ် အိတ်ထဲမှ ပုလွေသံလေးထွက်လာတာမို့ ဖုန်းထုတ်ကာ ကြည့်တော့
သဲလေးဆိုတဲ့စာတန်းလေးဘေးမှာအနီရောင်အသဲပုံလေး ဖုန်းမျက်နှာပြင်မှာ   ပေါ်နေသည်
ခရာလဲ ဖုန်းကိုမကိုင်ဘဲ ချလိုက်ကာ
အိတ်ထဲပြန်ထည့်လိုက်သည်
မြန်မာပြည်ပြန်ရောက်ရောက်ချင်း
အပျင်းပြေတွဲနေတဲ့သူပေါ့
တစ်လတောင်မပြည့်သေးဘူးရယ်တွဲတာ
ဒါမဲ့ ခုတော့ သူနဲ့တွဲရတာပါပျင်းလာပီမို့
ဖြတ်ဖို့လုပ်နေခြင်းသာ

ဆူးများကြားက ပန်းတစ်ပွင့်Where stories live. Discover now