"ဟူးးးးဒီိနေ့တော့ပြဿဒါးပဲ ပိုက်ဆံမှမရှိပါဘူးဆို ထမင်းဗူးကလျော်လိုက်ရသေး"
ဦးပိန်တံတားရဲ့ကန်ပတ်လည်ကအုတ်ဘောင်တွင်ထိုင်ကာ ညီးနေသူမှာအိမ့်မှူးငယ်သာ
ကျောထိရှည်တဲ့ဆံပင်ကိုဖြစ်သလိုသိမ်းကြုံးစည်းနှောင်ထားတာမို့ဖရိုဖရဲဖြစ်နေသည်
လေတစ်ချက်တိုက်လိုက်တိုင်းဖရိုဖရဲဖြစ်နေတဲ့ဆံစများဟာလွှင့်မျောလျက်ဒီနေ့ပစ္စည်းလိုက်ပို့ရင်း အထပ်မှားတတ်သွားတာနဲ့ပြန်ဆင်းဖို့ဓာတ်လှေကားထဲအဝင်
လူတစ်ယောက်နဲ့တိုက်မိပါရော
တစ်ကိုယ်လုံးအဖြူသာဝတ်ထားပီး
ဆံပင်ကအစအဖြူပင် ဒါမဲ့ကြည့်လို့ကောင်းသည် အရပ်ကလဲငယ့်ထက်ရှည်တယ်
ဒါမဲ့ ငယ့်လက်ထဲကကိုင်ထားတဲ့ထမင်းဗူးဟာ
အကျ်ီအဖြူပေါ်မှာစွန်းကုန်လေသည်
အဲ့တော့ ဟိုကဟောက်ပီပေါ့
ဘေးကတစ်ယောက်ကတော့ကူပြောရှာပါသည် ငယ်နဲ့ဝင်တိုက်တဲ့တစ်ယောက်ကတော့ မျက်မှောင်ကြီးကျုံ့ကာ
ငယ့်ကိုပြောနေတာမို့ ငယ်ပြန်လျော်ပေးမယ်ပြောလိုက်သည် ဒါကိုလက်မခံပဲ
အပေါ်အကျီကိုချွတ်ပစ်လိုက်သည်
မိန်းကလေးဖြစ်ပီး ဒီလိုလူမြင်ကွင်းမှာချွတ်စရာလား ငယ့်စိတ်ထဲမှာဆူပစ်ချင်သည်
ပုံစံကငယ့်ထက်တော့ငယ်မဲ့ပုံတွေသာ
အမြင်မတော်နဲ့ပဲ ငယ့်လက်ရှည်ချွတ်ကာ
ဝတ်ပေးခဲ့လိုက်သည် သူ့လက်ထဲကအကျီကိုလဲဆွဲယူခဲ့သည် ပစ္စည်းပို့ရမှာနောက်ကျနေပီမို့
သူ့ကိုပြောပီးအမြန်ဓာတ်လှေကားထဲဝင်ခဲ့ရသည် သူနဲ့တိုက်လို့မှောက်သွားတဲ့ထမင်းဘူးကတော့ ငယ်အစားပြန်လျော်ပေးလိုက်ရသည်လေ🎼🎼🎼🎼🎼🎼🎼🎼
အိတ်ကပ်ထဲကဖုန်းမှပုလွေသံလေးထမည်လာတာမို့ ငယ့်အတွေးတွေကိုရပ်ကာ
အိတ်ကပ်ထဲကဖုန်းအားယူပီးကိုင်လိုက်သည်📱ဟဲလို...
📱ဟဲလို..ငယ် ..မိုးသားရယ်...
📱အင်း ဘာကိစရှိလို့လဲ မိုးသား...
📱ငယ် အခုဘယ်မှာလဲဟင်...
📱ငယ်လား ဦးပိန်ဘက်မှာ...
📱ပစ္စည်းတွေအကုန်ပို့ပီးပီလား...
📱အွန်း ပို့ပီးပီ ခဏနေအိမ်ပြန်တော့မှာ
ဘာလို့လဲမိုးသား
YOU ARE READING
ဆူးများကြားက ပန်းတစ်ပွင့်
Actionမမငယ်ပြောတော့ ဘယ်တော့မှမခွဲဘူးဆို ဘာလို့ခေတ်ကိုစွန့်ပစ်ခဲ့ရတာလဲ ခေတ်လေ မမငယ်ကိုအရမ်းမုန်းတယ် ခေတ်သစ်ငယ်(နှိုင်းရတုငယ်) ခေတ်ကို မမငယ်စွန့်မပစ်ရပါဘူးကွယ် ခေတ်လေးဘဝကောာင်းစားဖို့ မမငယ်ရွေးချယ်ခဲ့ရုံပါ ဒီရွေးချယ်မှုကမမငယ်အတွက်လဲလွယ်ကူမနေခဲ့ပါဘူး ဒါမဲ့ မ...