ဒီနေ့ငယ့်စိတ်တွေဟာ ဦးပိန်တံတားပေါ်သာအလုံးစုံကျရောက်နေမိသည်
ဘာကြောင့်ဆို ဒီနေ့ဟာာ မမနဲ့တွေ့ခဲ့တဲ့နေ့
မနက်ဖြန်ဆိုလဲ ခေတ်လေးနဲ့ကွဲကွာတာ
16နှစ်ပြည့်ပင်
ထိုမမနဲ့တွေ့ပီးနောက်ပိုင်း
နောက်တစ်ခေါက်လောက်ထပ်တွေ့ချင်နေသည်မှာခုချိန်ထိပင်
ခဏပဲတွေ့လိုက်ရတာမို့
မျက်နှာကိုတော့သဲသဲကွဲကွဲမမှတ်မိတော့ပေ
ငယ်မှတ်မိတာဆိုလို့
မမဟာ မြန်မာဆန်ပီး မထိရက်မကိုင်ရက် တဲ့
ကြွေရုပ်လေးတစ်ရုပ်လိုလှသည်ကိုပဲမှတ်မိသည်
မမနဲ့တွေ့တဲ့နေ့ကို သေချာမှတ်ထားတာမဟုပဲ
မမနဲ့တွေ့ပီးနောက်တစ်နေ့ညနေခင်းမှာ ခေတ်လေးနဲ့ကွဲကွာသွားတာမို့မှတ်မိနေခြင်းသာ
သို့သော် ဟုချင်မှလဲဟုလိမ့်မယ်*သမီး မျက်နှာလဲမကောင်းဘဘူး...
နေမကောင်းလို့လား...*ညနေစာ စားပီး အိမ်ရှေ့ကွစ်ပစ်လေးမှာထိုင်ကာ လမ်းဘက်ကိုငေးနေတဲ့သမီးကိုအိမ်ပေါ်ကနေတွေ့တာမို့ နှောင်းငယ်လာမေးခြင်းပေ
ငယ်အတွေးတွေကိုခေတ္တခဏရပ်ကာ
ငယ့်ရှေ့မှာ ခြေဟန်လက်ဟန်လေးဖြင့်
လာပြောနေတဲ့မေမေ့ကြောင့်"ဟင့်အင် ..ငယ်ဘာမှမဖြစ်ပါဘူး.."
မှိုင်းညို့နေတဲ့မျက်ဝန်းတစ်စုံဖြင့်နှောင်းငယ်ကိုပြုံးကာ ပြောတဲ့သမီးကြောာင့်
စိတ်မကောင်းဖြစ်မိသည်
သမီး ပင်ပန်းနေတာသိတာတောင်
နှောင်းငယ်ဘာမှမလုပ်ပေးနိုင်
ပိုက်ဆံကိုသာ ကုန်းရုန်းရှာပီး
ကိုယ့်ကျန်းမာရေးကိုတောင်ဂရုမစိုက်ရှာ
နှောင်းငယ်လဲအိမ်မှာပဲမနေချင်တော့လို့
ဦးပိန်တံတားဘက်မှာအကြောာ် ကြော်ပီးရောင်းမယ်ဆိုတော့ မရောင်းခံပါ
မေမေတစ်ယောက်ထဲအကုန်လုပ်ရမှာ
သမိီးကကူပေးနိုင်မှာမဟုဘူး
မေမေပဲပင်ပန်းမှာတဲ့လေ
ခုတော့ သမီးလေးသာပင်ပန်းရရှာပီ*ကျန်းမာရေးလဲဂရုစိုက်ပါ သမီးရယ်...
တစ်နေ့ တစ်နေ့ အလုပ်တွေချည်းပဲမလုပ်ပါနဲ့..
ကြာရင် သမီး လဲသွားလိမ့်မယ်...*"စိတ်မပူပါနဲ့မေမေရယ်...
သမီးကအကောင်းကြီးရှိသေးတာ.."*ဟင်းးး*
YOU ARE READING
ဆူးများကြားက ပန်းတစ်ပွင့်
Actionမမငယ်ပြောတော့ ဘယ်တော့မှမခွဲဘူးဆို ဘာလို့ခေတ်ကိုစွန့်ပစ်ခဲ့ရတာလဲ ခေတ်လေ မမငယ်ကိုအရမ်းမုန်းတယ် ခေတ်သစ်ငယ်(နှိုင်းရတုငယ်) ခေတ်ကို မမငယ်စွန့်မပစ်ရပါဘူးကွယ် ခေတ်လေးဘဝကောာင်းစားဖို့ မမငယ်ရွေးချယ်ခဲ့ရုံပါ ဒီရွေးချယ်မှုကမမငယ်အတွက်လဲလွယ်ကူမနေခဲ့ပါဘူး ဒါမဲ့ မ...