1

75 8 0
                                    

Unicode
တိတ်ဆိတ်ငြိမ်သက်နေတဲ့အခြေအနေက အပ်ကျသံတင်မက ရှူရိုက်နေတဲ့လေသံကိုပင်ကြားနေရတယ်။ ဒီဧည့်ခန်းတွင် လူသုံးယောက်စီက အသံတစ်သံမှမထွက်လာဘဲ တိတ်ဆိတ်နေသည်။ လူကို အခန်းထဲကခေါ်ထုတ်ထားပြီး စကားတစ်ခွန်းမှမစသေးဘဲ အချင်းချင်းမေးကော့ပြနေသော ဖေဖေနဲ့မေမေကြောင့် သာရင်‌လတ်နောင် ဒီစကားဝိုင်းကို သူအရင်စဖို့သာ လုပ်လိုက်တယ်။

"‌ဖေဖေနဲ့ မေမေ သားကိုအခန်းထဲက ထုတ်ပြီး ဘာပြောမလို့လဲ"

သာရင်လတ်နောင် ဒီတိတ်ဆိတ်မှုကြီးကို ဖြိုခွဲလိုက်သောလည်း မိဘနှစ်ပါးစီမှ ဘာမှမပြောလာသေး။

"သား မင်းဒီနှစ်ဆယ်တန်းကို အဖွားရှိတဲ့မြို့မှာ သွားနေရမယ် အဲ့မှာဖြေရမယ်"

မေမေက ဖေဖေကိုလက်ထိပ်ဖျားဖြင့်တွတ်လိုက်မှသာ ဖေဖေစီက စကားသံကိုကြားရလာတယ်။ ဖေဖေပြောလာတဲ့စကားကြောင့် သာရင်လတ်နောင်စိတ်ရှုပ်သွားတယ်။

"သားဆယ်တန်းကို ဒီမှာပဲဖြေချင်တယ်"

"သားရယ် မေမေတို့လည်း သားကိုဒီနှစ်ဆယ်တန်းဖြေရမယ့်တလျှောက်လုံး ဘေးနားရှိစေချင်တာပေါ့"

သာရင်လတ်‌‌နောင်စိတ်ရှုပ်စွာပြောလာသောစကားကို မေမေကလေသံအေးအေးဖြင့် ရှင်းပြလာတယ်။

"ဒါဆိုသားကို ဘာလို့ပို့မှာလဲ မေမေရယ်"

အမေတို့နဲ့ မျက်နှာချင်းဆိုင်ရှိနေတဲ့ ဆိုဖာကနေ ဘေးချင်းကပ်ဆိုဖာ ဖက်သို့ပြောင်းလိုက်ပြီး အမေနားကပ်ကာချွဲပြောလိုက်တယ်။

သာရင်လတ်‌‌နောင်သည် အဘွားနဲ့ငယ်ငယ်ကလိုသိပ်ရင်းနှီးခြင်း မရှိတော့ပေ။ နောက်ပိုင်း အဘွားဖြစ်သူကို အနေစိမ်းကာ ခပ်ဝေးဝေးနေလာတဲ့အပြင် သွားလည်ဖို့အတွက်ပါ ငြင်းတတ်လာသည်။ အမေသည် အဘွားက ကျွန်တော့်အား ဘယ်လောက်ချစ်ကြောင်း လွမ်းနေကြောင်း ရှင်းပြပါစေ ကျွန်တော်ရဲ့စိတ်ကမပြောင်းလဲ။ အဘွားကို ကျွန်တော်မမုန်းပါ....။ ဒါပေမယ့် ကျွန်တော်ရဲ့ လက်ရှိကျောင်းသားဘဝတလျှောက်က အဘွားကြောင့်အထီးကျန်ခဲ့တာဆို မမှား။

Pure Where stories live. Discover now