တတိယရက်နေ့ဖြစ်ပြီး မနက်ဖြန်မပြန်ခင် ကလေးတွေရဲ့ လေတဖြူးဖြူးလေးနဲ့အတူ ခေါက်ဆွဲပြုတ်စားချင်တယ်ဆိုလို့ ပင်လယ်ဖက်ကဆိုင်သည်သိမ်းသွားပြီ ဖြစ်တာကြောင့် နိုင်ယာနဲ့ဝေနှင်းသည် စတိုးဆိုင်တွေဖက်ကိုထွက်လာခဲ့တယ်။
“ငါကဘာလို့ နင်နဲ့လိုက်လာရတာလဲ”
နိုင်ယာအမေးကို ဝေနှင်းပုခုံးပင့်ကာတွန့်ပြလိုက်တယ်။
“မသိဘူးလေ နင့်ဆရာဆတ်အမိန့်ပဲလေ”
ဝေနှင်းစကားကြောင့် နိုင်ယာသည် ဘာမှပြန်မပြောလာတော့ပေ။ ဆိုင်ရှေ့ရောက်တော့ ဝေနှင်းကို အပြင်မှာပဲစောင့်နေမယ်လို့ဆိုကာ နိုင်ယာသည် ပက်လက်ဖောင်းပေါ်မှာထိုင်လျက်သာ စောင့်နေသည်။ ဝေနှင်းလည်း ဘာမှမပြောဘဲ ကိုယ့်ဟာကိုယ်ဝယ်စရာရှိတာသာဝယ်နေလိုက်သည်။ ဝေနှင်းဆိုင်အပြင်ထွက်တော့ ဖုန်းပြောနေတာဖြစ်တဲ့ နိုင်ယာကြောင့် လှမ်းမခေါ်သေးဘဲ အနားမှာသာ စောင့်နေလိုက်တယ်။
“ဘယ်လိုဖြစ်တာလဲ စိုင်းနဲ့ငါ ဟိုတလောကတင်တွေ့ကြသေးတယ်လေ အကောင်းကြီးပါ ဘယ်ကဘယ်လိုဖြစ်တာလဲ”
ရင်းနှီးနေသောအမည်တစ်ခုကြောင့် ဝေနှင်း ကိုယ်တိုင်တောင်မသိဘဲ နားစွေ့သေချာနားထောင်နေမိတယ်။
“ငါကအခုခရီးမှာ။ မနက်ဖြန်တော့ပြန်လာမှာ။ ငါစောစောပြန်လာခဲ့မယ်”
နိုင်ယာကဖုန်းချပြီးတာနဲ့ ဆိုင်ဘက်ကိုလှည့်ကြည့်တော့ ဆိုင်ဝတွင်ရပ်နေသော ဝေနှင်းကိုမြင်ပြီး အနည်းတွန့်ဆုတ်ကာ လန့်သွားတယ်။ ပြန်တဲ့လမ်းမှာ တိတ်ဆိတ်နေပြန်တယ်။
“ငါ စိုင်းဆိုပြီးကြားလိုက်တယ်။ ငါနဲ့ကျောင်းတူတဲ့ စိုင်းလား”
ဝေနှင်းသိချင်စိတ်နဲ့မေးလိုက်တော့ နိုင်ယာက ခေါင်းညိတ်ပြလာတယ်။ နိုင်ယာမျက်နှာမကောင်း။ မှိုင်ကျနေသည်ကို ဖုံးကွယ်ထားသော်လည်း ပေါ်လွင်နေသည်။
“စိုင်းက ဘာဖြစ်လို့လဲ”
ဝေနှင်းမေးလိုက်တော့ နိုင်ယာသည် တဖက်သို့မျက်နှာလွဲသွားသည်။ ဝေနှင်းထင်သည်မမှားဘူးဆိုရင် နိုင်ယာသည် မျက်ရည်သုတ်လိုက်သည်။ နေပါအုန်း…နိုင်ယာကငိုနေတယ်တဲ့လား။ ဝေနှင်းသည် မျက်ရည်သုတ်နေတဲ့နိုင်ယာလက်ကိုဆွဲလိုက်တော့ လှည့်လာတဲ့နိုင်ယာမျက်နှာကမျက်ဝန်းမှာမျက်ရည်တွေ။