“ရေသည်ယောင်္ကျားသည် ရေသည်ယောင်္ကျားသည် အလွန်ဆင်းရဲသည်…ရေသည်ယောင်္ကျားသည် အလွန်ဆင်းရဲသည်။ အလွန်ဆင်းရဲသည်။”
“မောင်လရောင်ကိုကိုရယ် ရှင်အဲ့တစ်ကြောင်းကနေ ဒီတသက် တတ်တော့မှာလား။”
“ခဏလေးပါ မမဆတ်ကလည်း။ မထောက်နဲ့နော် သားရတယ် လုံးဝမထောက်ပြနဲ့။”
ဆတ်တစ်ယောက် လရောင်ကိုကိုရဲ့ ခဲတံနဲ့ စာထစ်ရာတွေကို မှတ်ထားသည့်လိုင်းများပြည့်နေသည့် စာအုပ်ကိုကြည့်ရင်း သက်ပြင်းချမိသည်။ ကျောင်းကဖြင့်အပ်ပြီးလို့ ဖွင့်တော့မယ် အခုထိ အစမေး နောက်မေ့ နောက်မေး အစမေ့ နေသော လရောင်ကိုကိုနဲ့ ဒီနှစ်ကလည်းအရေးကြီးပါတယ်ဆိုမှ။
“မရဘူး ပြန်သွားကျက်။”
စာအုပ်ပြန်ပေးလာသော ဆတ်လက်ထဲက စာအုပ်ကို နှုတ်ခမ်းဆူလျက် ယူသွားသော လရောင်ကိုကို ကိုကြည့်ရင်း ခေါင်းသာခါမိတယ်။
“စာသေချာလိုက်မလုပ်ရင် ဝေနှင်းကိုဖုန်းဆက်တိုင်မှာနော်”
ဝေနှင်းအမည်ကြားတာနဲ့ လရောင်ကိုကိုရဲ့နှုတ်ခမ်းသည်ပိုလိုပင် ထော်လာသည်။ မသိရင် သူ့ကို ဝေနှင်းက ဆူတာကြနေတာပဲ။
အဟင်း ဟင်း။
ဟန်ဆောင် လုပ်ချောင်း(ဆိုး)တစ်ခုကြောင့် ဆတ် စိတ်အနှောင့်အယှက်ဖြစ်ကာ နိုင်ယာကို မျက်စောင်းထိုးမိတယ်။ စကားဝိုင်းမှာ ဝေနှင်း အမည်ပါတာနဲ့ လရှန်ယာဖာဖက်ကို ကြည့်ပြီး အသံပေးတတ်နေသော နိုင်ယာ။ လရှန်ယာဖောကို ကြည့်ရတာဖြင့် နိုင်ယာအသံကိုပင် ဂရုမစိုက်ပုံ။ ဆတ်ကတော့ နိုင်ယာအခုထိ ဒီမှာရှိနေသေးတာကြောင့် စိတ်ရှုပ်မိတယ်။ သူ့ညီမကို ဘာပူနေမှန်းမသိတဲ့ အပူကြောင့်သာ ဆတ်လည်း အတင်းနှင်မထုတ်သလို ဆရာမကို နိုင်ယာသည် အကျိုးအကြောင်းပြောပြပြီး လက်ခံထားခံရတာကြောင့် ဝင်ရောက်မစွက်ဖက်ဖြစ်။ ဘာကိစ္စလဲဆိုတာ ဆတ်ကိုမပြောပြပင်မယ့် ဆတ်လည်းမသိချင်ပါ။
“ဆောင်းကမ္ဘာ ရပြီလား ရရင်လာဆိုတော့”
အပြင်သို့ငေးမောနေသော ဆောင်းကမ္ဘာကို စာပြန်ရန်ပြောတော့မှ စာအုပ်ကိုသဲကြီးမဲကြီးငုံလျက် ပါးစပ်လှုပ်လာသည်။ ဆတ်တစ်ယောက် သက်ပြင်းတစ်ချက်ချလျက် ကလေးတွေစာလုပ်နေသည်ကိုစောင့်ကြည့်နေရင်းမှ မတ်တပ်ထရပ်ကာ ခြေလက်အညောင်းအညာဆန့်လိုက်တယ်။