14

10 2 0
                                    

Unicode

ဒီဇင်ဘာ‌ရောက်သည်နဲ့ လကုန်ခံနီးတွင် မမနှင်းသည် ကတိအတိုင်းခရီးလိုက်ပို့ပေးသည်။ ဒီခရီးစဉ်တွင် မမျှော်လင့်ထားသူအပြင် နောက်ထပ်တစ်ယောက်တိုးလာသည်။ နိုင်ယာနဲ့အတူ ‌ခြောက်နှစ်အရွယ်ကလေးမလေးတစ်ယောက်ပါလာသည်ဖြစ်သည်။ လရောင်စိမ်းတို့ကလေးတွေအတွက် မမနှင်းက ယောင်္ကျားလေးတစ်ခန်း၊ မိန်းကလေးတွေတစ်ခန်းဆိုပြီးနေရာချပေးထားတယ်။ မိန်းကလေးတွေနဲ့ မမနှင်းတို့လူကြီးတွေအခန်းက ဘေးချင်းကပ်ဖြစ်သည်။ ဝေနှင်းသည် နေရာချပေးပြီးတာနဲ့ အခန်းရှေ့က ခုံတန်းတွင်ထိုင်နေသော နိုင်ယာနဲ့အတူပါလာတဲ့ကလေးဘေးနားတွင်သွားထိုင်တော့ ကလေးလေးကလှည့်ကြည့်လာတယ်။

“ကလေးလေး နာမည်ဘယ်လိုခေါ်လဲ”

“နောယာဖော”

ကလေးသည်ထိုင်နေလျက်ပင် သူ့ရဲ့ခြေထောက်တွေကို ဝေ့ယမ်းကာဖြေလာသည်။

“နောယာဖောတဲ့လား။ နိုင်ယာနဲ့ဘာတော်တာလဲ”

“နိုင်ယာတူမပါရှင့်”

ကလေးသည် ပြုံးလျက်ဖြေလာတာကြောင့် ထိုကလေးရဲ့ဆံပင်တွေကိုနားနောက်သပ်ပေးလိုက်တယ်။

“အမယ်လိမ္မာသားပဲ ဒါနဲ့ဖေဖေ၊မေမေ မပါပဲနဲ့ရော အဆင်ပြေလို့လား”

“ပြေပါတယ် နောကတီလေးကိုဖေဖေမေမေထက်ပိုချစ်တယ်”

ကလေးရဲ့စကားကြောင့် ဝေနှင်းသဘောကျစွာရယ်မိတယ်။ အဖေနဲ့အမေသာကြားလို့ကတော့ ဝမ်းနည်းပက်လက်ဖြစ်နေလိမ့်မယ်ဖြစ်ခြင်း။

“ဟားဟား ဟုတ်ပါပြီ…”

“ဘာတွေပြောနေကြတာလဲ”

နိုင်ယာသည် အနားအားရောက်လာကာမေးလာသည်။

“နိုင်ယာ နင့်ကြည့်ရတာကလေးတွေနဲ့တော့အဆင်ပြေတယ်ထင်တယ် တူမဖြစ်သူလေးက တီလေးကိုအဖေနဲ့အမေထက်တောင်ပိုချစ်တယ်တဲ့”

“ဟုတ်ဘူးလေ ဟုတ်ဘူး ဒါကတီတီလေ တီလေးဟုတ်ဘူးလေ”

နှုတ်ခမ်းထော်လျက်ပြောလာသော နောယာဖောကြောင့် ဝေနှင်းဘာများမှားသွားပြီလဲဆိုပြီးဖြစ်သွားတယ်။

Pure Where stories live. Discover now