5

34 3 0
                                    

Unicode

သာရင်အောက်ထပ်က အသံတချို့ကြောင့် နိုးထလာတယ်။ အိပ်ချင်မူးတူးဖြင့် စားပွဲပေါ်တင်ထားသော လက်ပတ်နာရီကို ကြည့်လိုက်တော့ ၃နာရီပင်ခွဲနေပြီ။ နေ့လယ်တုန်းက ဆတ်ရဲ့ အင်္ဂလိပ်စာ သင်ခန်းစာပို့ချချိန်ပြီးသွားချိန်မှာ ဟန်‌မဆောင်နိုင်စွာ ခေါင်းအုန်းပေါ်ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားခဲ့တယ်။

အောက်ထပ်ကိုဆင်းသွားတော့ စာရေးခုံတွင် ထိုင်နေသော ဆတ်နဲ့ လရောင်စိမ်းအပြင် မျက်နှာစိမ်းနှစ်ခု။ ထိုကောင်မလေးနှစ်ယောက်သည်လည်း အပေါ်ထပ်ကနေ ဆင်းလာသော သာရင်ဆီအကြည့်တွေရောက်လာတယ်။ လရှန်ယာဖောကတော့ တခြားစာရေးခုံတန်းတွင် စာအုပ်တစ်အုပ်ကိုဖတ်နေတယ်။

"သခင်လေး နိုးပြီလား"

လရောင်စိမ်းကတော့ သာရင်လတ်နောင်ကိုမြင်တာနဲ့ နှုတ်ဆက်ကာ ဘေးတွင်လာထိုင်ဖို့အချက်ပြလာတယ်။ ဆတ်တစ်ယောက် ကိုယ့်ကိုကြည့်လာသော ကောင်မလေးနှစ်ယောက်ကို ဘာလဲဆိုသောအကြည့်ဖြင့် မျက်လုံးပြူးပြလိုက်တယ်။ သခင်လေး ဆိုတဲ့အခေါ်က ငါ့ဆီကထွက်လာတာလဲမဟုတ်ဘဲ ငါ့ပဲလာကြည့်နေကြတယ်။

"ဒါက ဒါလီသက်ပိုင်... ဒါက နွယ်လင်းသော်"

လရောင်စိမ်းက အရှေ့ကကောင်မလေးနှစ်ယောက်ကို မိတ်ဆက်ပေးလာတယ်။ ခပ်စွာစွာမျက်နှာပေးနဲ့လူသည် ဒါလီသက်ပိုင်ဖြစ်ပြီး အနေအေးတဲ့မျက်နှာနဲ့လူက နွယ်လင်းသော်ဖြစ်သည်ဟု မှတ်ထားလိုက်သည်။ သာရင်ကတော့ ပြုံးလျက်သာ ခေါင်းညိတ်လာတယ်။

"ငါ့နာမည်က သာရင်လတ်နောင်ပါ သာရင်လို့ပဲ ရင်းရင်းနှီးနှီးခေါ်ပါ"

"တော်ပါသေးရဲ့ ငါတို့လည်း သခင်လေးလို့ခေါ်ရမယ်ထင်နေတာ"

ဒါလီသက်ပိုင်ဆိုတဲ့ကောင်မလေးရဲ့စကားကြောင့် သာရင်အနေခက်စွာ ပြုံးမိတယ်။

"ဒီလိုလုပ်လေ ငါလည်း မတူတဲ့ နာမည်တစ်မျိုးနဲ့ခေါ်မယ် ရင်သား...အင်းအင်း "

စနောက်လာတဲ့ဒါလီသက်ပိုင်စကားကြောင့် ဘေးက နွယ်လင်းသော်သည် ပါးစပ်ကို လက်ဖြင့်အုပ်ကာ လှမ်းပိတ်လိုက်တယ်။ သာရင် သဘောမကျစွာ မျက်ခုံးတွန့်မိတယ်။ ဒါလီစကားကြောင့် လရောင်စိမ်းပြုံးမိသော်လည်း ရောက်လာသော မျက်စောင်းကြောင့် မျက်နှာချက်ချင်းပြန်တည်လိုက်ရသည်။

Pure Where stories live. Discover now