🌸လူဆိုး🔞
အပိုင်း -၁
ရေချိုးကန်ထဲ ရေချိုးနေကြသည့်
မိန်းကလေးတွေ တစ်စု ၁၀ယောက်ခန့်ရှိသည်။
ဘေးနားကနေ နေရောင်အောက်
နေပူခံနေသည့် လူကြီး လေးငါးယောက်က
အခန့်သားနှင့်...
သူရသောတမောင် တစ်ယောက်
ဘောင်းဘီအိပ်ထဲ လက်လျိုရင်း
ကန်ဘောင်ဘေးနား လျှောက်လာကာ
ဦးထက်ညီ နား ရောက်သည်နှင့်
ခြေလှမ်းတွေကို ရပ်တန့်ပြစ်လိုက်တော့သည်။"သောတမောင် လာထိုင်လေ
ခုအသိုက်က ချောတယ် အဟင်း
ကြိုက်ရာယူသုံးလို့ ရတယ် ဟေ့..."*ဖျောင်း ဖျောင်း*
ဦးထက်ညီ လက်ခုပ်တီးလိုက်သည်နှင့်
ကောင်မလေးတွေအစုလိုက် သောတမောင်နား
ရောက်ရှိလာကြတော့သည်။
သောတမောင်တစ်ယောက် တည်တည်ငြိမ်ငြိမ်
ဆိုပေမဲ့ ပူးတီ ကပ်တီ လုပ်နေတာကို
ဘဝမကျတာမို့ လက်ကနာရီကို
ချွတ်ကာ ရေကန်ထဲ ပြစ်ချလိုက်တော့သည်။"အဲ့နာရီက သိန်း ၁ထောင်ကျော်တန်တယ်..."
*ဗွမ်း...ဗွမ်း...ဗွမ်း..."
ကောင်မလေးတွေ ရေထဲ အလုယက်
ဆင်းကာ နာရီကို လုကြတော့သည်။
သောတမောင် ဦး ထက်ညီနားကပ်ကာ
ရင်ဘတ်ထဲက သေနတ်ကို
ထုပ်လိုက်ပြီး ချိန်လ်ုက်တော့သည်။"မင်း...မင်း...ဘာလုပ်တာလဲ"
"ကျုပ်ပိုက်ဆံတွေ ၃ရက်အတွင်း
လိုချင်တယ် စကားအများကြီး
ပြောရတာ မကြိုက်ဘူး...""အေး....အေးပါကွာ....ငါရအောင်
ပြန်ဆပ်ပါ့မယ်"သောတမောင်တစ်ယောက် ထိုနေရာကနေ
လှည့်ထွက်လာတော့သည်။
ဦးထက်ညီ သက်ပြင်းချကာ လန့်သွားရတော့သည်။"ဦးထက်ညီ ခင်ဗျား ဘာလို့အဲ့ကောင်ဆီ
ပိုက်ဆံသွားယူတာလဲ ခင်ဗျား သူအကြောင်း
မသိဘူးလား""သူကလုပ်ငန်းရှင်တစ်ယောက်ပဲလေ
ဒါကြောင့် ကျုပ်က ပိုက်ဆံ ယူလိုက်တာ""ဟာဗျာ အဲ့တာကအယောင်ဆောင်ပဲ
ကြားဖြူ ကြာနီ ဆိုတဲ့ အမှောင်ကုန်သည်တွေ
ခင်ဗျား ကြားဖူးလား""ကြားဖူးပါတယ် ဒါပေမဲ့သေချာမသိဘူး"
"အေး သူတို့ရဲ့ ဆရာက သောတမောင်ပဲ"
YOU ARE READING
🌸လူဆိုး🔞
Fantasyဆိုးတာ မိုက်တာထက်ပိုတယ် ရိုးမြေကျ ချစ်ချင်ပေမဲ့... အချစ်က ဘဝကြီးလည်း ဟုတ်သလို အိပ်ရာထက်က စည်းစိမ်တစ်ခုဆိုလည်း မမှားဘူး... ( သူရသောတမောင် )