🌸လူဆိုး🔞
အပိုင်း -၁၇
ခင်ပျိုမေ ကုတင်ထက်မှာ
အိပ်ပျော်နေတဲ့သူ့ပါးကို
လှမ်းနမ်းလိုက်ကာ
အဝတ်တွေ ကောက်ဝတ်လိုက်တော့သည်။
သူမလည်း အတော်လေး ပင်ပန်းနေပါပြီ၊
သို့ပေမဲ့ လေယာဉ် လက်မှတ်
စီစဉ်ထားပြီမို့...
သူမအသာလေး လစ်ထွက်လာခဲ့တော့သည်။သီတာ ကားလေး ရပ်ထားသည်နှင့်
ခင်ပျိုမေ အဖေနဲ့အမေဆီကို
ဦးတည်သွားလ်ုက်တော့သည်။"သမီး...အဆင်ပြေအောင်နေနော်
လိုအပ်တာ ရှိရင်လဲပြော""ဟုတ်...ရပါတယ်..."
ဖေနဲ့မေကို ကန်တော့ကာ
ကားနောက်ခန်းမှာမှီရင်း...
လေယာဉ်ကွင်းဆီရောက်သည်နှင့်...
သီတာကို နူတ်ဆက်ကာ
ပြန်လာခဲ့လိုက်တော့သည်။"သီတာ အဖေနဲ့အမေကို
ဂရုစိုက်ပေးပါဦး...
ဘွဲယူဖို့ဆို ကြာဦးမှာ
၂ နှစ်လောက်တော့ ကြာမယ်... ""ဟယ် အဲ့လောက်ကြီးတောင်လား...
လပိုင်းပဲ မဟုတ်လား..""ငါလဲ လပိုင်းပဲ ထင်ထားတာ
နောက်မှ စာထဲ ကြည့်မိမှ
၂ နှစ် ဖြစ်နေတာ...ဒါပေမဲ့လည်း
ဘွဲက နှစ်ဘွဲ့လေ...""အေးပါ...ဦးလေးနဲ့ ဒေါ်လေးကို
ငါစောင့်ရှောက်မှာပါ...""ကျေးဇူးပါ..."
"ရပါတယ်ဟာ..."
လေယာဉ်ကြီးက တစ်ရွေ့ရွေ့နဲ့
US သို့....
အပြက်ဘက်ကို ငေးရင်း
ခင် မျက်လုံးတေွ မိတ်ထားလိုက်တော့သည်။*ခင် မောင့်အပေါ် ခင့်ဘဝကြီး
ပုံအပ်ထားပြီးပြီမို့...
ခင်ကို စိတ်ချပါမောင်...
မောင်လူဆိုးကို ခင်ချစ်မိနေပြီ
ထင်တယ်...*🌼🌼🌼🌼
သောတမောင် လက်ထပ်စာချုပ်လေးကို
ကိုင်ကာ စီးကရက်ကိုဖွာလိုက်တော့သည်။
အတွေးတွေထဲ ဝင်လာသည်က
သူမ၏ လက်မှတ်အတုပင်...သောတမောင် ရေမွေးနံသင်းသင်းက်ု
က်ုယ်ပေါ် ဆွတ်လိုက်ရင်း...
နူတ်ခမ်းကို တစ်ချက်မဲ့လိုက်တော့သည်။
လက်ထပ်စာချုပ်လေးကိုတော့
မီးခံသေတ္တာထဲ ထည့်သိမ်းလိုက်တော့သည်။
ဒီနေ့အတွက် အလုပ်က်ု
အကောင်ထည်ဖော်ရမည်။
YOU ARE READING
🌸လူဆိုး🔞
Fantasyဆိုးတာ မိုက်တာထက်ပိုတယ် ရိုးမြေကျ ချစ်ချင်ပေမဲ့... အချစ်က ဘဝကြီးလည်း ဟုတ်သလို အိပ်ရာထက်က စည်းစိမ်တစ်ခုဆိုလည်း မမှားဘူး... ( သူရသောတမောင် )