part - 10

2.6K 16 0
                                    

🌸လူဆိုး🔞

အပိုင်း -၁၀

"ခုဘယ်လိူလုပ်ပြီး ရောက်လာတာလဲ"

"‌ဪ...ငါဆိုင်ခဏပြေးတာ...
ဒါနဲ့နင်နဲ့သူက...ဘဲကြီးက
အလန်းနော်...ဘာမှမဟုတ်ဘူးလို့တော့
မပြောနဲ့..."

သီတာစကားကြောင့် ခေါက်ဆွဲ
ကြော်လေးကို ခွက်ထဲ ထည့်လိုက်တော့သည်။

"စား..."

ပန်းကန်ကို ချပေးလိုက်တော့
သီတာထွန်း ပန်းကန်ကိုယူကာ
ခေါက်ဆွဲကြော်ကို စားလိုက်တော့သည်။
စားနေရင်း ခင်နဲ့ ထိုလူအကြောင်းကို
မေးနေတော့သည်။

"သီတာမ စားမှာသာစားစမ်းပါ
ဘာလို့များ စကားတွေ ဇွတ်များ
နေတာလဲ..."

"ခင်လို ချောချောလှလှလေးမှာ
လက်ရဲဇက်ရဲ ကြီးရှိတော့
အဟင်း...ဟင်း..."

"သီတာမ...ဘာ‌ေတွများ
သဘောကျစရာရှိလို့လဲ ဒင်းကိုက
လူဆိုးရုပ်..."

"အဲ့လူဆိုးကိုမှ ချစ်နေတာမလား..."

"တော်စမ်းပါအေ..."

"အမလေး ရှက်မနေနဲ့
အချင်းချင်းတွေပဲ...မချစ်လို့ပဲ
ချစ်သူတွေတောင် ဖြစ်နေပြီမလား.."

"ချစ်သူမလုပ်လို့မရဘူး
လူကို ဓားပြတိုက်နေသလိုပဲ..."

"အမလေးတော်...အဆန်းသားပါလား"

"စားစမ်းပါဟယ်..."

ခင်ပျိုမေ ထိုလူကို
ကြောက်လဲကြောက်သလို ချစ်သူ
တော်ထားရတာကလဲ
ခပ်လန့်လန့်ပင်...
ဘယ်လိုလူပါလိမ့်...

======>>>>>>>

သောတမောင်
မြည်လာသော ဖုန်းကို
ကိုင်လိုက်သည်နှင့်...

"သား..."

"ဟုတ်..."

"သားအလုပ်တွေက အဆင်ပြေရဲ့လား
ငါးမန်းရုံက အဆင်ပြေရဲ့လားသား"

"ပြေတယ်...မွေးစားအဖေရော
နေကောင်းလား..."

"ကောင်းတယ်...သားကို
အဖေပြောစရာရှိတယ်...
အဖေရဲ့နောက်ဆုံး ဆန္ဒအနေနဲ့
လက်စားချေပေးပါ..."

"ဟုတ်ကဲ့ ပြောပါ...သား
လက်စားချေပေးမယ်..."

"ဒေါ်ပပဝင်း...သူ့သမီးက
ပန်းပွင့်ဖြူ...RTO အထည်တိုက်
ပိုင်ရှင်...."

"ဟုတ်ကဲ့ သားစုံစမ်းလိုက်ပါ့မယ်..."

"သူတို့က အဖေခုလို ဒုက္ခိတဘဝရောက်အောင်
လုပ်ခဲ့ဝာာ..."

"စိတ်ချပါ သား မွေးစားအဖေ
ဆန္ဒတွေကို ဖြည့်ပေးမှာပါ..."

"ကျေးဇူးပါသားရယ်..."

သောတမောင် ဖုန်းချလိုက်ကာ
ဖုန်းချပြီးမကြာမီ...
ကျားနီကို ခေါ်လိုက်တော့သည်။

"ကျားနီ..."

"ဗျာ ဆရာ..."

"RTO အထည်တိုက်ပိုင်ရှင်
ဒေါ်ပပဝင်းနဲ့ သူ့သမီး ပန်းပွင့်ဖြူ
သူတို့အကြောင်း အသေးစိတ်
စုံစမ်းလိုက်..."

"ဟုတ်ကဲ့ဆရာ..."

ကျားနီထွက်သွားပြီး မကြာမီ
သတိုးက ဝင်လာကာ
သောတမောင် နား ကပ်လျှက်...

"ဘာ..."

သတိုးခေါင်းငုံနေလျှက်...
သောတမောင် မျက်နှာကြီး
ခက်ထန်သွားလေတော့သည်။

သနားလို့ လွှတ်ထားပေးတာကို
‌ကိုယ့်ကိုကို ဘာထင်နေရယ်မသိ...
ဘေးနားကကောင်ကလဲ
ဘာသဘောပါလိမ့်...

🌸🌸🌸🌸🌸

အပိုင်း -၁၁ မျှော်

#ညို့
#ဘဝစာမျက်နှာ

🌸လူဆိုး🔞Where stories live. Discover now