part - 7

2.7K 24 0
                                    

🌸လူဆိုး🔞

အပိုင်း-၇

‌ခင်ပျိုမေ သီတာအိမ်ကနေပြီး
အလုပ်ဆင်းနေသည်။
မိဘတွေကိုလည်း ခရီးထွက်ရသည်ဟု
လိမ်ထားတော့သည်။
ခင်ပျိုမေ လူနာတွေကြည့်ပေးနေခိုက်...

"ဒေါက်တာ..."

"ဟုတ်ကဲ့ဆရာ..."

"ဒေါက်တာ ကြည့်ရတာ
အခုတလော ပိန်သွားသလိုပဲနော်"

ဆရာသုခကျော် စကားကြောင့်
ခင်ပျိုမေ ရယ်ကြဲကြဲနှင့်
ဟန်ဆောင်ကာ ပြုံးလိုက်တော့သည်။

"ဆရာစိတ်ထင်လို့ပါ
ခင်က ပုံမှန်ပါပဲ...ဆရာ...ခင်
ခွဲစိတ်ခန်းဝင်ရမှာမို့
သွားလိုက်ပါဦးမယ်..."

"ဟုတ်ကဲ့..."

ခင်ပျိုမေ စကားလည့်ကာ
ခွဲစိတ်ရမည့် လူနာဆီသို့
လာခဲ့လိုက်တော့သည်။
လူနာက နွမ်းပါးနေပြီး
လူက ယိုင်နဲ့နဲ့သာ...

"ဒေါက်တာ..."

ဝတ်မူံ ‌နေရာဖယ်ပေးလိုက်တော့သည်။
ခင်ပျိုမေ ခွဲစိတ်ရမည့်လူနာ
နားကပ် ကြည့်လိုက်ရင်း
စစ်ဆေးလိုက်တော့သည်။

"အင်း...မနက်ဖြန် ခွဲစိတ်ခန်း
ဝင်ရမယ် လူနာအတွက်
လိုအပ်တဲ့သွေး ကို ရှာထားရမယ်နော်
ပြီးရင် ဆေးတွေဝယ်ရမယ်...
လူနာအတွက်...လိုအပ်တာတွေ
လုပ်ထားပေးပါ..."

"ဟုတ်ကဲ့ပါ ဒေါက်တာ..."

"ဆရာမ...လူနာအတွက် လိုအပ်တာတွေကို
စီစဉ်ပေးလိုက်ပါ...အန်တီ...
ဘာမှ စိတ်မပူနဲ့နော်
အဆင်ပြေသွားမှာပါ..."

"ကျေးဇူးပါဒေါက်တာ..."

ခင်ပျိုမေ လူနာ အန်တီကို
အားပေးစကားပြောလိုက်တော့သည်။
ဝတ်မူံ အမေရဲ့ ခွဲစိတ်မူ့အတွက်
ကုန်ကျစရိတ်က နည်းသည့်
ပမာဏမဟုတ်ပေ...
ဆရာမပေးတဲ့ စာရွက်ကို
ကိုင်လိုက်ကာ...ပြန်လာခဲ့တော့သည်။

=====>>>>>>

‌သူရသောတမောင်
ရေချိုးကန်ဘောင်ဘေး
စီးကရက်ကို ရူကာ
မိန်းနေခိုက်...

"လွှတ်စမ်း...တောက်..!!!

သောတမောင် တစ်ယောက်
မျက်လုံး မိတ်ထားရာမှ
ခေါင်းထောင်လိုက်ကာ..
ဘာဖြစ်နေလဲ ဆိုသော အတွေးနဲ့
ကြည့်လိုက်ရာ...

"ဒူးထောက်စမ်း..."

"မထောက်နိုင်ဘူးကွာ..
မင်းဘာဖြစ်ချင်တာလဲ...
မင်းတို့ကို ဂရုစိုက်မယ် ထင်လား...
တောက်...!!!

သောတမောင် ကြည့်နေရာမှ
ကြည့်နေရင်း စီးကရက်ကို
ဖွာလိုက်တော့သည်။
ကျားနီ ထိုလူကို ထိုးလှဲပြစ်လိုက်တော့သည်။

"ဘာဖြစ်တာလဲ အေးဆေး
ဖြေရှင်းလေကွာ..."

"ဟုတ်ကဲ့ဆရာ"

"ထွီး...."

သောတမောင် မျက်နှာသို့
စင်သွားသည့် တံတွေးတွေကြောင့်
မောင် ပါးစောင့်ကို လျှာနဲ့
ထိုးလိုက်ကာ...

"ဆရာ..!!

"ဒီကောင်..."

မောင် လက်ကာလိုက်ပြီး
သူ့ကိုကြည့်ကာ...

"မင်းက ငါ့ကို...အင်း..."

မောင် ခေါင်း တစ်ငြိမ့်ငြိမ့်နဲ့
ဘေးနားက ချထားသည့်
ခရင်းကို ကိုင်လိုက်ကာ...
ကျားနီ အလိုက်သိစွာ...
ထိုလူကို ဝိုင်း ချုပ်လိုက်တော့သည်။

"လွှတ်...လွှတ်စမ်း...ဟဲ့ကောင်တွေ..."

ထိူလူအော်နေပေမဲ့...
ဘယ်သူမှ ဂရုမစိုက်ကြပေ...
မောင် ခရင်းနဲ့ ထိုလူရဲ့
နှာရင်းကို ထိုးစိုက်လိုက်တော့သည်။

"အားးးးအားးးး"

"နာလား...မင်းကိုယ်မင်း
ဘာထင်နေလဲ...ဟမ်..."

သွေးတွေ ပန်းထွက်လာကာ
မောင် ခရင်းကို လွှတ်ကာ...
သစ်ရူးတစ်ခုနဲ့ သုတ်လိုက်တော့သည်။

"အစအန မကျန်စေနဲ့..
ကျားနီ ဒီလို လူတွေ ခေါ်မလာနဲ့
‌ရှိရာအရပ်မှာ ရှင်းလိုက်..."

"ဟုတ်ကဲ့ဆရာ...
တောင်းပန်ပါတယ်..."

‌ေသာတမောင် စိတ်တွေက
မကြည်နေတာကို
ထိန်းထားပေမဲ့ အဆင်မပြေ...
သူမကို ရ‌ှာခိုင်းတာ
၃ရက်မြှောက်နေ့ပင်...

🌸🌸🌸🌸🌸

အပိုင်း -၈ မျှော်

#ညို့
#ဘဝစာမျက်နှာ

🌸လူဆိုး🔞Where stories live. Discover now