part - 13

2.3K 17 0
                                    

🌸လူဆိုး🔞

အပိုင်း -၁၃

သောတမောင် ကားထဲကနေ
အထည်တိုက်ကြီးကို ကြည့်ကာ...
နူတ်ခမ်းကို မဲ့ပြုံးပြုံးလိုက်တော့သည်။
ဒေါ်ပပဝင်း ထွက်လာခိုက်...
ကားထဲ ဝင်မည်အပြုတွင်
ပိုက်ဆံအိပ်အလုခံလ်ုက်ရတော့သည်။

"လာကြပါဦး ကျွန်မ ပိုက်ဆံအိပ်
လုသွားလို့...လာကြပါဦး...
သူခိုး သူခိုး...လာကြပါဦး..."

သောတမောင် ကားထဲကနေ
အမြန်ထွက်ကာ ထိုသူခိုးနောက်
လိုက်လေတော့သည်။

"ဟဲ့ကောင် ရပ်စမ်း..."

သောတမောင် လည်ကုတ်ကို
ဆွဲကိုင်လိုက်သည်နှင့်
သူခိုးက ဓားနဲ့ ထိုးလေတော့သည်။

"ဒီမှာဓား...မသေချင် ဘေးဖယ်..."

"ပိုက်ဆံ အိပ် ပြန်ပေးစမ်း..."

"မပေးဘူးကွာ..."

သော‌တမောင် သူခိုးနဲ့
ပိုက်ဆံအိပ်လုနေရင်း
ဓားက လက်မောင်းကို
ရှပ်ထိုးသွားတော့သည်။

"အ့..."

"ခွပ်..."

"ခွပ်..."

တစ်ယောက်နဲ့တစ်ယောက်
ထိုးကြိတ် သတ်ပုတ်နေကြတော့သည်။
ဒေါ်ပပဝင်းနောက်ကနေ
လူတွေ‌ေခါ်ပြီးလိုက်လာတော့သညိ။
သူခိုးနဲ့ သော‌တမောင် လုနေရာမှ
လူအုပ်ကြီးကြောင့် သူခိုးက
ပိုက်ဆံအိပ်ကိုချကာ
ကိုယ်လွှတ်ရုံး ပြေးလေတော့သည်။

"ဟိုမှာ သူခိုး...လိုက်လိုက်..."

"ဒီမှာ ပိုက်ဆံအိပ်..."

သော‌တမောင် ပိုက်ဆံ
ပြန်ပေးလိုက်သည်နှင့် ဒေါ်ပပဝင်း
ပိုက်ဆံအိပ်ကိုကြည့်ကာ
ကျေးဇူးတင်လိုက်တော့သည်။

"ကူညီပေးလို့ ကျေးဇူးတင်ပါတယ်..."

"ရပါတယ်..."

ဒေါ်ပပဝင်း မောင်လက်က
သွေးတွေကို မြင်ကာ ဓားထိထားမှန်း
သိသွားတော့သည်။

"ဟင်...ဓားထိထားတာပဲ..."

"လာလာ...မင်းကို ဆေးခန်းလိုက်ပို့ပေးမယ်..."

"ဟုတ်..."

သောတမောင် ဒေါ်ပပဝင်းကားနဲ့
ဆေးခန်းပြ လိုက်သွားတော့သည်။
ဆေးခန်းကနေ ပြန်ထွက်သည်နှင့်
ဒေါ်ပပဝင်း ကဒ်လေးတစ်ခုကို
ထုပ်ကာ မောင်ကို ပေးလိုက်တော့သည်။

🌸လူဆိုး🔞Where stories live. Discover now