🌸လူဆိုး🔞
အပိုင်း -၉
ဝတ်မူံရောက်သွားသည်နှင့်
အားလုံးက ခွဲစိတ်လို့ပြီးပြီ။
မေမေက ကုတင်ပေါ် ဆေးပိုက်တွေနဲ့..."ခွဲစိတ်မူ အောင်မြင်ပါတယ်..."
"ကျေးဇူးပါဒေါက်တာ..."
ဝတ်မူံ ခေါင်းလေး ငုံကာ
ဒေါက်တာ ခင်ပျိုမေကို
ကျေးဇူးတင်လိုက်တော့သည်။
ခင် ဝတ်မူံ မျက်နှာကို မြင်လိုက်သည်နှင့်"မျက်နှာက ဘာဖြစ်ထားတာလဲ..."
ဝတ်မူံ သဘက်စလေးနဲ့
မျက်နှာကို ကွယ်လိုက်ကာ..."ဘာမှ မဖြစ်ပါဘူး ဒေါက်တာ
ထိခိုက်မိထားတာပါ...""ဟယ် မျက်နှာကြီး ဖူးယောင်နေတာက်ု
လာလာ..."ခင်ပျိုမေ သွေးစို့နေတဲ့နေရာကို
ဆေးလေး သိတ်ပေးလိုက်ကာ
အရောင်ရော့ဆေးတွေ အကိုက်ခဲ
ပျောက်ဆေးတွေ ထည့်ပေးလိုက်တော့သည်။"ကျေးဇူးပါဒေါက်တာ..."
"အလုပ်လုပ်တာလဲ ဂရုစိုက်လုပ်ပေါ့..."
"ဟုတ်ကဲ့ပါ ဒေါက်တာ..."
ခင်ပျိုမေ ဆေးစာရင်းတွေ
လူနာစာရင်းတွေက်ု စစ်လိုက်တော့သည်။
သူမထပ်ပြီး ကုပေးရမည့်
လူနာက ကလေးတစ်ဦးဖြစ်သည်။
အရမ်းတော်တဲ့ ဒေါက်တာ
တစ်ယောက်မဟုတ်ပေမဲ့ သူမကလည်း
နာမည်ရှိသူတစ်ယောက်ပင်...ဒယ်ဒီနဲ့ မာမီဆီ ဖုန်းဆက်ထားပြီမို့
သီတာ ဆီသာ ပြန်သွားလိုက်တော့သည်။"မိသီတာ...မိသီတာ...
တံခါးတွေပါ ဖွင့်လို့ပါလား..."သီတာ တိုက်ခန်းလေး တံခါးတွေ
ပွင့်နေတော့သည်။
ခင်ပျိုမေ ဝယ်လာတဲ့အထုပ်တွေကို
မီးဖိုခန်းထဲ ထားကာ
သီတာအထင်နဲ့ စကားပြောနေတော့သည်။"ဒီနေ့ အိမ်ကို လှမ်းပြီး
ခွင့်တောင်းထားတယ်
ဒယ်ဒီနဲ့ မာမီကလည်း
သမီးသဘောတဲ့...
ကောင်မ ငါနင်နဲ့ အကြာကြီး
နေမှာ..."လှည့်လိုက်ခြင်း မြင်လိုက်ရသည်က
တစ် ခြားလူမဟုတ်...
သူရသောတမောင်ပင်။"အမလေး...ခွမ်း..."
လက်ထဲက ခေါက်ဆွဲကြော်
ခူးရန် ပြင်ထားသော်...
ပန်းကန်လေး လွှတ်ကျသွားရတော့သည်။
YOU ARE READING
🌸လူဆိုး🔞
Fantasyဆိုးတာ မိုက်တာထက်ပိုတယ် ရိုးမြေကျ ချစ်ချင်ပေမဲ့... အချစ်က ဘဝကြီးလည်း ဟုတ်သလို အိပ်ရာထက်က စည်းစိမ်တစ်ခုဆိုလည်း မမှားဘူး... ( သူရသောတမောင် )