🌸လူဆိုး🔞
အပိုင်း -၁၂
"ဖြူဖြူ ဟိုဘဲကြီးက
နင့်ကို ကွက်ကြည့် ကွက်ကြည့်
လုပ်နေတာ...မိုက်တယ်ဟေ့...""သွားစမ်းပါ အသက်ကြီးကြီးဘဲတွေ
စိတ်မဝင်စားဘူး...""အသက်မကြီးပါဘူး Super dadyပေါ့..."
"ဟားးးဟားးးဟားးး"
ဝိုင်းထဲ သဘောကျစွာ ရယ်နေခိုက်
စိုင်းနောင် အနားရောက်လာကာ
ပန်းပွင့်ဖြူ လက်ကို ဆွဲလိုက်တော့သည်။"ဘာလုပ်တာလဲ...လွှတ်စမ်း"
"ဖြူ ငါ့ကို ဘာလို့ ဖြတ်သွားတာလဲ"
"မချစ်လို့ ဖြတ်တာလေ
လွှတ်စမ်း...ငါ့လက်ကို ခုလွှတ်လိုက်""မလွှတ်ဘူး နင်ငါ့ကိုပြန်လက်ခံပေ.."
"လက်မခံဘူး...ဖယ်စမ်းဟာ..."
စိုင်းနောင်နဲ့ရုန်းနေရာက
ဘေးက သူငယ်ချင်းတွေ
တားနေပေမဲ့ မရ...
ဩရှရှအသံကြောင့်
စိုင်းနောင် လှည့်ကြည့်လိုက်ရာ..."လက်မခံဘူးဆိုမှ
လွှတ်လိုက်ပေါ့...""ဟမ်...ခင်ဗျားက ဘယ်သူလဲ
ခင်ဗျားနဲ့ ဘာမှမဆိုင်ဘူး
ကိူ့ဘာသာ အေးဆေးနေလိုက်..."စိုင်းနောင် ခပ်ဆတ်ဆတ်ပြောလိုက်တော့သည်။
သောတမောင် ပန်းပွင့်ဖြူ လက်ကို
က်ုင်ထားတဲ့ စိုင်းနောင်
လက်တွေကို ဖယ်ရှားလိုက်တော့သည်။"ခင်ဗျား..."
*ခွပ်...*
သောတမောင် အထိုးခံလ်ုက်ရတော့သည်။
စိုင်းနောင်လက်ထိုးရန်
လက်ရွယ်လိုက်တော့
ပန်းပွင့်ဖြူရှေ့က ကာရပ်လိုက်တော့သည်။"တော်လိုက်တော့...
နင်ပြန်လိုက်တော့ဟာ...
နင်လုပ်ရဲ ထပ်လုပ်ကြည့်
နင့်ကို ထောင်ထဲ ထည့်ပြစ်မယ်...""မင်း...ခင်ဗျားလဲ သတိထားနေ..."
*တောက်..!!
စိုင်းနောင် လက်ငြိုးထိုးကာ
တောက်ခေါက်လျှက် ထွက်သွားလေတော့သည်။
သောတမောင် အထိုးခံလိုက်ရတာကြောင့်
နူတ်ခမ်းထောင့်မှာ သွေးတွေ
ထွက်ကုန်တော့သည်။
YOU ARE READING
🌸လူဆိုး🔞
Fantasyဆိုးတာ မိုက်တာထက်ပိုတယ် ရိုးမြေကျ ချစ်ချင်ပေမဲ့... အချစ်က ဘဝကြီးလည်း ဟုတ်သလို အိပ်ရာထက်က စည်းစိမ်တစ်ခုဆိုလည်း မမှားဘူး... ( သူရသောတမောင် )