part - 3

3K 27 0
                                    

🌸လူဆိုး🔞

အပိုင်း - ၃

"မကို ပိုင်ဆိုင်ချင်တယ်"

"အို မင်းနဲ့ ချစ်သူဖြစ်တာတောင်
ကြာသေးတာမှ မဟုတ်ပဲ"

"ဒါကမအထင်လေ ကျွန်တော်ကတော့
မကို ပိုင်ဆိုင်ချင်တယ်"

"မင်းနော် ဒဏ်ရာရနေတယ်ဆိုလို့
လိုက်လာတာ မင်းရဲ့
အရေမရအဖတ်မရတွေကို
နားမထောင်နိုင်ဘူး"

"မ.."

သောတမောင် ငြင်ငြင်သာ ခေါ်ပေမဲ့
ခင်ပျိုမေ လန့်မိသည်။
သူမထက် ၃နှစ်သာ ငယ်ပေမဲ့
လူကခပ်ဆိုးပေပေမို့အလန့်သား။

သောတမောင် သူမနားကပ်ကာ
ထိုင်လိုက်သည်နှင့်
ခင်ပျိုမေ နေရာရွေ့ကာ
ဆေးဘူးကို သူ့လက်ထဲက
ကုတ်ရာတွေထဲ ‌ေဆးထည့်ပေးလိုက်တော့သည်။

"ဘယ်လိုလို့ ခြစ်ရာတွေ
ဖြစ်သွားတာလဲ"

"ကြောင်လေးတစ်ကောင်
ပွေ့လိုက်တာ အဲ့ဝာာ ကုတ်သွားတာ"

"ကြောင်လက်သည်းက
တော်တော်ကြီးတာပဲ"

"မ..."

"ဆေးထည့်ပြီးပြီး ပြန်တော့မယ်
အိမ်မှာ ဒယ်ဒီတို့ စိတ်ပူနေလိမ့်မယ်"

*ဖျောင်း ဖျောင်း..*

သူရသောတမောင် လက်ခုပ်တီး
လိုက်သည်နှင့် သားစိုးက
အပြေးရောက်လာကာ...

"ဘယ်လိုလဲ ဖုန်းဆက်ထားပြီလား"

"ဟုတ်ကဲ့ ဆက်ထားပါပြီဆရာ"

ခင်ပျိုမေ ကြောင်ကြောင်လေး
ရပ်နေရာမှ ဘယ်ကိုဖုန်းဆက်တာပါလိမ့်။

*🎼🎼🎼🎼🎼🎼🎼*

သီချင်းသံ မြည်လာသည့် ဖုန်းကြောင့်
ကောက်ကိုင်ကာ အပြင်ဘက်ကို
ခဏထွက်လျက်...

"ဟယ်လို မာမီ"

"သမီး ဂျူတီချိန်ရှိတယ်ဆို...
အဆင်ပြေရဲ့လားသမီး..."

"ရှင်"

"သမီးတို့ ဒေါက်တာက
ဖုန်းဆက်တယ် သမီး ညဂျူတီရှိထားလို့
မပြန်ဖြစ်ဘူးတဲ့ ခုသမီးအားရဲ့လား
အစားကိုလဲ စားဦးနော် အလုပ်တွေ
အရမ်းကြီး လုပ်မနေနဲ့"

"ဟုတ်ကဲ့မာမီ"

ပြောချင်တာ မှာချင်တာတွေမှာပြီး
မာမီကဖုန်းချသွားတော့သည်။
သူ့လက်ချက်မှန်း သူမတန်းသိလိုက်သည်။
နောက်ကိုလည့်လိုက်သည်နှင့်
ရင်အုပ်မာကြီး တစ်ခုနဲ့
ဝင်တိုက်မိသွားတော့သည်။

🌸လူဆိုး🔞Where stories live. Discover now