part - 18

5K 38 10
                                    

🌸လူဆိုး🔞

အပိုင်း -၁၈

သောတမောင် RTO
အထည်တိုက်မှာ အဝတ်စားရွေးကာ
ငွေရှင်းရန်ကောင်ဒါသို့ သွားခိုက်...
ဒေါ်ပပဝင်း သောတမောင်ကိုတွေ့ကာ
ပြုံးပြကာ ခေါ်လိုက်တော့သည်။

"မင်း ဟိုတစ်ခေါက်က
ဒို့ကို ကူညီပေးတဲ့တစ်ယောက်
မဟုတ်လား..."

"ဪ...ဟုတ်..."

"လက်က သက်သာသွားပြီလား"

"သက်သာသွားပါပြီ...
ဒီဆိုင်က..."

"ဒို့ဆိုင်လေ...မင်းအဝတ်စားတွေ
ငွေမယူတော့ဘူး ယူသွားနော်
လက်ဆောင်ထည့်ပေးလိုက်မယ်"

"အားနာစရာကြီး နေပါစေ...
ငွေယူထားလိုက်ပါ..."

"ဪ...ဒို့ရဲ့စေတနာကို
လက်ခံမှပေါ့..."

သောတမောင် သက်ပြင်းချကာ...
ငွေကို အတင်းပေးနေတာကြောင့်...
ဒေါ်ပပဝင်း ငွေကိုယူကာ

"ဒါဆို ဒို့ကို ကူညီတဲ့အနေနဲ့
ထမင်းဖိတ်ကြွေးပါရစေ...
မင်းဖုန်းနံပါတ်လေး ပေးခဲ့လေ..."

"ဟုတ်"

သောတမောင် ဖုန်းနံပါတ်လေး
ပေးကာ နူတ်ဆက်လျှက် ပြန်လာခဲ့တော့သည်။
အမေရော သမီးရော ဖောရွေ
လွန်းနေသည်။
ကြည့်ရတာ...ဘယ်လောက်တောင်
သဘောတွေကောင်းနေပါလိမ့်...
ဘယ်အချိန်ထိ ကောင်းနေမှာလဲ...

သောတမောင် ပြန်ရောက်သည်နှင့်
သားစိုးက အသင့်စောင့်ကြိုနေသည်။
သောတမောင်ဝယ်လာတဲ့
အဝတ်စားထုပ်ကို ပေးလိုက်ကာ...

"ဝတ်လိုက်..."

"ဟုတ်ကဲ့ဆရာ..."

သောတမောင် အပေါ်ထပ်တက်သွားကာ
ရေပန်းအောက် ရေဝင်ချိုးရင်း
အတွေးတွေထဲ အလုပ်တွေ
လက်စသတ်ရဦးမည်။
မြည်လာတဲ့ ဖုန်းသံကြောင့်
ခေါင်းကို သဘက်နဲ့ သုတ်နေရာမှ
ကိုင်လိုက်တော့ ကြားရသည့်
အသံက...

"ဦးလား.."

"အင်း...ဘာလို့လဲ ချာသိတ်..."

"ချာတိတ်ကားက
ဘာဖြစ်သွားတယ် မသိဘူး
ကူညီပါဦး..."

"ဘယ်မှာလ‌ဲ ချာတိတ်"

"Bar မှာ..."

"အင်း...ဦးလာခဲ့မယ်..."

You've reached the end of published parts.

⏰ Last updated: May 19 ⏰

Add this story to your Library to get notified about new parts!

🌸လူဆိုး🔞Where stories live. Discover now