အခန်း - ၇

527 33 0
                                    

(unicode)

ဆွေး - ၇

သူ့ကို ကျောခိုင်းထားပေမဲ့ သူ့အကြည့်များက ကျွန်တော့်ဆီ၌သာ ရှိနေကြောင်း နောက်ကျောမှတစ်ဆင့် ကျွန်တော် ခံစားနေရသည်။ ထိုသူကို အမျိုးမျိုးစဥ်းစားကြည့်ပေမဲ့ ကျွန်တော့်အသိထဲက မဟုတ်သည်ကတော့ သေချာသည်။ ထိုသူကတော့ ကျွန်တော့်အားအတော်ကလေး ရင်းနှီးသည့်ပုံနှင့် စတွေ့ကတည်းက ဖက်လဲတကင်း ဆက်ဆံသည်ကို ကျွန်တော်တွေ့ခဲ့ပြီး ဖြစ်ပါသည်။ ယခု ထိုသူက ကျွန်တော်တို့ အေဂျင်စီ၏ မင်းသားသစ်တစ်လက် ဖြစ်သည်တဲ့။

ပွဲကြေညာသူက စကားများစွာပြောနေပေမဲ့ ကျွန်တော်​ကြေညာသူ၏စကားများကို မကြားမိပါ။ တစ်ချိန်လုံး ကျွန်တော် သူ့အကြောင်းပဲ တွေးမိနေခြင်းဆိုလျှင် ပို၍ မှန်ပါမည်။ အတွေးတို့နှင့် ငြိမ်ချက်သားကောင်းနေခိုက် ပုခုံးကိုပုတ်လိုက်သည့်အတွက် ကျွန်တော်ဆတ်ခနဲ လှုပ်ရှားသွားသည်။ လှည့်ကြည့်လိုက်တော့ ထိုသူက ကျွန်တော့်အား ပြုံး၍ ကြည့်နေသည်။

” စင်ပေါ်ကို တက်ခိုင်းနေပြီဗျ၊ ဘာတွေများ တွေးစရာရှိနေလို့ အခမ်းအနားကိုတောင် အာရုံမရောက်တာလဲ၊ ဘာလဲ ကျွန်တော့်အကြောင်းတွေးနေတာလား ”

” မဆိုင်လိုက်တာ... ”

သူ၏ မချေငံသောအပြုံးများကို လျစ်လျူရှူ့ရင်း ကျွန်တော် စင်မြင့်ထက်သို့ တက်သွား၏။ ကျွန်တော်တက်သွားသည်နှင့် စီနီယာများက ပြုံးပြနှုတ်ဆက်ကြပြီး ဂျူနီယာများက ခေါင်းငုံ့၍ အနည်းငယ် လမ်းဖွင့်ပေးကြသည်။ ကျွန်တော်တို့ အေဂျင်စီက လက်ရှိတွင် အအောင်မြင်ဆုံးမဟုတ်သော်လည်း အတော်အသင့် နာမည်ရရှိထားပြီးလည်း ဖြစ်သည်။ ပွဲကြေညာသူက အားလုံးလူစုံသွားသည်နှင့် ပရိတ်သတ်ဘက်သို့လှည့်လိုက်ပြီး တစ်စုံတစ်ခုကို ရှာဖွေနေဟန်ပြု၏။

” အခုနောက်ဆုံး ဖိတ်ခေါ်မဲ့သူကတော့ ကျွန်တော်တို့ အကယ်ဒမီ သရုပ်ဆောင်အေဂျင်စီရဲ့ ကြယ်ပွင့်အသစ်ဖြစ်တဲ့ မင်းမဟော်ကို ဖိတ်ခေါ်ပါတယ်၊ မကြာခင်မှာ ဖန်သားပြင်ပေါ် ရောက်ရှိတော့မှာမို့ ကြယ်ပွင့်အသစ်လေးကို အားပေးကြဖို့ပြောချင်ပါတယ် ”

| ဆွေး ~ Đaçaÿ |Where stories live. Discover now