အခန်း - ၁၆

87 13 2
                                    

(unicode)

ဆွေး - ၁၆

သည်နေ့ရှုတင်က နယ်ဘက်ထွက်ရိုက်ရမည့် အခန်းဖြစ်နေသည်။ နယ်ဆိုသော်လည်း ရန်ကုန်နှင့် သိပ်မဝေးလှသည့် ပဲခူးဘက်၌သာ ဖြစ်သည်။ မသဲစုမလိုက်နိုင်သည့်အတွက် ကျွန်တော်က ပြင်ဆင်စရာရှိသည်များကို ကိုယ့်ဘာသာပြင်ဆင်ရ၏။ သို့သော်လည်း လိုအပ်သည့် ဇာတ်အတွက် အဝတ်အစားများကို အစုံလိုက်ပြင်ပေးထားခဲ့သည့်အတွက်တော့ ကျွန်တော် သိပ်ခေါင်းမခြောက်ရပေ။ ကျွန်တော်ပြင်ဆင်သည်က ကျွန်တော့်အသုံးအဆောင်များနှင့် အခြားလိုအပ်သည့်အရာများသာ ဖြစ်၏။

” ဂျေးလား ကိုယ်လာခေါ်မယ်နော် ဂျေးကားမယူခဲ့နဲ့တော့ ”

ဖုန်းဝင်လာသည့်အတွက် ကိုင်လိုက်တော့ တစ်ဖက်မှ မင်းမဟော်၏ အသံ ထွက်လာသည်။ ကိုယ့်ကို သူ့အပိုင်လူသားတစ်ယောက်အလား ပြောဆိုလာသည့်အတွက် သိပ်ဘဝင်မကျလှသော်လည်း ခရီးရှည် ကားမမောင်းနိုင်သည့်အတွက် သူ့အကြံကို လိုက်လျောလိုက်သည်။ တစ်နာရီခန့်ကြာတော့ အောက်သို့ရောက်နေပြီဖြစ်ကြောင်း မက်ဆေ့ပို့လာသည့်အတွက် ပစ္စည်းများကို တစ်ယောက်တည်း မနိုင်မနင်း ချကာ အောက်သို့ဆင်းရ၏။

” အဲလောက်ပစ္စည်းတွေများရင် ကိုယ့်ကို ခေါ်ရောပေါ့ ဂျေးရယ် ပေးပေး ကိုယ်သယ်ပေးမယ် ”

”ပါးစပ်က ပြောမနေဘဲ တစ်ခါတည်း လာသယ်လိုက်ပါလား၊ မင်းက နေရာတကာ ဆရာကြီးစတိုင်လ်နဲ့ ”

ကျွန်တော် မျက်နှာမဲ့ကာ ပြောလိုက်၏။ ထိုအကောင်ကတော့ တစ်ချက်သာပြုံးရင်း လက်ဆွဲသေတ္တာနှစ်ခုကို ယူကာ ကားနောက်ဖုံးသို့ တင်လိုက်သည်။ ထို့နောက်တွင်တော့ ကားတံခါးအရံသင့်ဖွင့်ပေးရင်း ထိုင်စောင့်နေ၏။ သူ့အား မဝင်ခင် တစ်ချက်ကြည့်လိုက်ပြီး ကားရှေ့ခန်း၌ ဝင်ထိုင်လိုက်၏။

” အိပ်တတ်ရင်အိပ်လေ နေ့လယ်ထမင်းစားမဲ့ဆိုင်ရောက်မှ ကိုယ် ဂျေးကို နှိုးပေးမယ် ”

” ရတယ် မအိပ်ဘူး ”

လမ်းတစ်လျောက်လုံး သီချင်းတငြိမ့်ငြိမ့်ဖြင့် မှေးကာ လိုက်ခဲ့ရင်း ကားရပ်သွားတော့မှ နေ့လယ်ရောက်ပြီဖြစ်ကြောင်း ကျွန်တော်သိလိုက်ရသည်။ ကားဆီထည့်ရန် ဆီဆိုင်နှင့် စားသောက်ဆိုင်တွဲဖွင့်ထားသော နေရာဖြစ်၍ နှစ်ခုလုံး အဆင်ပြေသည်ဟု ထင်မိသည်။ မင်းမဟော်၏ ရွေးချယ်မှုကောင်းပုံကိုလည်း စိတ်ထဲမှ ခေါင်းညိတ်အသိအမှတ် ပြုလိုက်ရပြန်သည်။ ကားရပ်ပြီးသည်နှင့် သူက ကားပေါ်မှဆင်းပြီး ကျွန်တော့်ကားမှန်ပြတင်းပေါက်နားသို့ ရောက်လာပြီး မှန်ကိုလာခေါက်နေသည်။ ထို့အတွက် မှန်ကို ချလိုက်တော့ သူက ပြောလာလေသည်။

You've reached the end of published parts.

⏰ Last updated: 4 days ago ⏰

Add this story to your Library to get notified about new parts!

| ဆွေး ~ Đaçaÿ |Where stories live. Discover now