အခန်း - ၅

738 48 4
                                    

(unicode)

ဆွေး - ၅

မချစ်ဘူး​ပြောပြီးဝေးကြတဲ့သူတွေဟာ ကိုယ့်နှလုံးသားကို ကိုယ်တိုင်လိမ်နေကြောင်း ဂျေးသိလိုက်ရတဲ့အချိန်က ဝေးကွာခြင်းတစ်ဖက်ကမ်း နောင်တတွေရဲ့အလွန်မှာ ငိုနေရတဲ့အချိန်တဲ့မောင်ရယ်။ အချိန်လွန်မှသိလိုက်ရတဲ့အရာက ကိုယ့်နှလုံးသားကို ကိုယ်တိုင်လိမ်ညာနေခြင်းဟာ အသည်းကို ကိုယ်တိုင်ဓားနဲ့မွှန်းနေကြောင်းပါတဲ့။ ဘယ်လောက်တောင်ရယ်စရာကောင်းလိုက်တဲ့ ဟာသလဲနော်မောင်။ ရယ်လိုက်ရတာ မျက်ခွံတွေတောင် မို့အစ်လို့။ အဟင်း မောင်ရော အခုချိန်မှာ ရယ်နေနိုင်မလား ဒါမှမဟုတ် ချောင်တစ်ချောင် ထောင့်တစ်တစ်ထောင့်မှာ တိတ်တိတ်လေး ငိုနေမလားဆိုတာကို ဂျေးသိပ်သိချင်လိုက်တာ မောင်ရယ်...။

ဒါပေမဲ့ မောင်ကတော့ ငိုနေရင်တောင် ချော့မြူမဲ့သူက ရှိနေပြီးသားမဟုတ်လား။ မောင့်သက်ဆိုင်သူက မောင့်ကို သိပ်ချစ်တာလေ။ ဒီလိုချစ်ခြင်းတွေကြားထဲ မောင်ရောက်ရှိနေတော့လည်း ဂျေးဝမ်းသာမိတာ တကယ်ပါမောင်ရယ်။ ပြိုတာချင်းက တူနေရင်တောင်မှ လဲကျတာချင်းကတော့ မတူဘူးမောင်။ ဘာလို့ဆို မောင့်မှာက မှီစရာ ရင်ခွင်ရှိတယ်လေ။

သည်ကနေ့က ရိုက်ကွင်းပေါ်တွင် အပင်ပန်းဆုံးနေ့ဖြစ်သည်။ ရိုက်ချက်များကလည်း အမှားမခံနိုင်အောင် အရေးကြီးနေပြီး ဇာတ်ကွက်သည်လည်း အဓိက အခန်းကိုရောက်နေသော ဇာတ်ကွက်တစ်ခုပင်ဖြစ်သည်။ အချိန်က နေ့လယ်အချိန်ဖြစ်ပြီး နေက ခြစ်ခြစ်တောက် ပူလောင်နေသည်။ ခေါင်းတည့်တည့်ကို ထိုးထားသောနေရောင်အောက်တွင် ဂျေးက ဤဇာတ်ကွက်ကို အခါနှစ်ဆယ်နီးပါး အပြန်ပြန်လုပ်ပြနေရသည်။ ဒါရိုက်တာက မျက်နှာအမူအရာမကြိုက်ဟူသောပြစ်ချက်ဖြင့် ဤဝဋ်ဆင်းရဲကို ဂျေးတစ်ယောက် ခံနေရခြင်းပင်ဖြစ်၏။

” ကတ်...ကတ်...ကတ် ”

” မဟုတ်သေးဘူးလေ မင်းသားရယ်၊ ကျွန်တော်လိုချင်တာက အဲလိုမျက်နှာအမူအရာမဟုတ်ဘူး၊ မင်းသား ဇာတ်ကိုရော သေချာဖတ်ထားရဲ့လား၊ မင်းသားက ချစ်ရသူအနားက ထွက်သွားပေမဲ့ မချစ်လို့ ထွက်သွားတာမျိုး မဟုတ်ဘူးလေ၊ အဲ mood(မုစ့်) သွင်းလိုက်လို့မရဘူးလေ၊ ခံစားချက် မဲ့နေရမှာ မင်းသားက ကိုယ်ချစ်တဲ့သူကို အခြားတစ်​ယောက်လက်ထဲ စိတ်ချလက်ချထည့်ခဲ့ရလို့ ချစ်ခြင်းမုန်းခြင်းကင်းမဲ့နေမှာ အဆင်ပြေလား ​ပြန်ရိုက်တော့မလား ”

| ဆွေး ~ Đaçaÿ |Where stories live. Discover now