အခန်း - ၁၅

187 21 3
                                    

(unicode)

ဆွေး - ၁၅

ရှုတင်ကိစ္စများပြီးတော့ သိမ်းစရာရှိသည်များကို မသဲစုနှင့်ထားပစ်ခဲ့ပြီး ကားသော့တောင်းတာ တစ်ယောက်တည်း ထွက်လာလိုက်သည်။ ကားရပ်ထားသော မြရာပင်ကြီးနားအရောက်တွင် မတွေ့ချင်သောသူက ကြိုစောင့်နှင့်နေသည်။ ကိုခေတ်ညို...။ ကျွန်တော့်ကားကိုမှီကာ ရပ်နေပြီး ကျွန်တော်အလာကို စောင့်နေဟန်ရှိသည်။ မတွေ့ချင်သော်လည်း တွေ့မြင်ပြီးကာမှ တမင်တကာရှောင်ထွက်သွားလျှင် မကောင်းတတ်သည်မို့ အရှေ့သို့သာ သည်အတိုင်းသာ ဆက်ကာလျှောက်သွားလိုက်ရသည်။

” ဂျေ မင်းပြန်တော့မလို့လား၊ အကယ်၍.. ဂျေ့မှာ အချိန်ရှိတယ်ဆိုရင် အစ်ကိုနဲ့... ”

” ဆောရီး ကိုခေတ်ညို ကျွန်တော့်မှာ အချိန်မရှိဘူးရယ်၊ ရှိတယ်ဆိုရင်တောင် အဲဒီအချိန်ပိုတွေက ကိုခေတ်ညိုအတွက် မဟုတ်တော့တာ သေချာတယ် ”

ဂျေဆိုသည့်နာမ်စားက သူတစ်ယောက်တည်း ကျွန်တော့်ကိုခေါ်သော နာမ်စားဖြစ်သည်။ ထိုနာမ်စားကလေးက ကျွန်တော်နှင့်သူ နှစ်ယောက်တည်း ရှိတတ်သည့်အချိန်၌သာ ခေါ်သောနာမ်စားဖြစ်သည်။ ထိုနာမ်စားကလေးကို ကိုယ်မြတ်နိုးခဲ့ဖူးသောလူ၏ နှုတ်မှ ပြန်လည်ကြားရတော့လည်း နှလုံးသားသည် ယိုင်နဲ့ချင်လာပြန်သည်။ သို့ပေမဲ့ နာကျင်မှုသည် အတိုင်းအဆဖော်ပြမရနိုင်အောင် နာကျင်ခဲ့ပြီးပြီမို့ ထိုလူနှင့်ပတ်သက်၍ ကျွန်တော်ဒုတိယအကြိမ် ထပ်မနာကျင်ချင်တော့ပေ။ သည်အတိုင်းပဲ ကျွန်တော်ငြင်းလိုက်သည်။ ကိုခေတ်ညို၏ မျက်နှာက သိသိသာသာကို ပျက်ယွင်းသွားသည်။ ”မောင်က အရင်လို စိတ်ခံစားချက်တွေကို မဖုံးကွယ်တတ်ပေးဘဲကိုး” လို့တွေးမိရင်း ပြုံးလိုက်မိသည်။

” ဒါဆို အစ်ကို့ကို အချိန်ခဏလောက်ဖြစ်ဖြစ်ပေးပါ ဂျေရယ်၊ ကိုယ်ဒီနေရာမှာပဲ ပြောလိုက်ပါ့မယ်၊ ဂျေ ကိုယ်လေ မင်းကို ဒီရက်တွေမှာ သိပ်ကိုသတိရနေတယ်၊ ဂျေနဲ့ရှိခဲ့တဲ့အချိန်တွေက ကိုယ့်အတွက်တော့ တကယ် အမှတ်တရပါ၊ ပြီးတော့ ကိုယ် ဂျေ့ကို တကယ်ချစ်ခဲ့တာပါ၊ အဲဒီချစ်ခြင်းမေတ္တာကိုလည်း ဂျေခံစားမိလိမ့်မယ်လို့ ကိုယ်ယုံတယ်၊ ဒါပေမဲ့ ဂျေရယ်...မဥ္ဇူနဲ့ပတ်သက်ပြီး ကိုယ်ဘယ်လိုရှင်းပြရမလဲ တကယ်မသိတော့တာပါ၊ အမှန်အတိုင်းပြောရရင် မဥ္ဇူကို ကိုယ်မချစ်ဘူး ဂျေ ”

| ဆွေး ~ Đaçaÿ |Where stories live. Discover now