The Return Of Bo Aung Din!😅
(Unicode)
ဆွေး - ၁၁
မိုးလင်းသည်အထိ အရှိန်ကမသေသေးဘဲ ခေါင်းက ထိုးကိုက်နေသည်။ ညက မများခဲ့သော်လည်း မသောက်သည်မှာ ကြာပြီဖြစ်သောကြောင့် အူက ပြန်ရိုင်းသွားခဲ့သည်ထင်၏။ အတော်ကလေး မူးသွားပြီး အိမ်ကိုပြန်ရောက်လာခဲ့သည်ကိုပင် ရေရေရာရာ မမှတ်မိချင်တော့ပါ။ မင်းမဟော်လိုက်ပို့သည်ကို သိပြီး ကားပေါ်တွင်ပြောခဲ့သော စကားတို့ကိုလည်း မှတ်မိတစ်ချက် မမှတ်မိတစ်ချက်သာ။ ပိုဆိုးသည်က မိမိအခန်းကို မည်ကဲ့သို့ ပြန်ရောက်လာခဲ့သည်ကို လုံးဝ မမှတ်မိနေခြင်းပါပင်။
” တူ...တူ...တူ ”
ညကအကြောင်းကို ကော်ဖီသောက်ရင်း ပြန်တွေးနေခိုက် စားပွဲပေါ်မှဖုန်းက မြည်လာသည်။ ဖန်သားပြင်ကိုကြည့်လိုက်တော့ မင်းမဟော်။ ထို့ကြောင့် ဖုန်းကိုကိုင်လိုက်ပြီး တစ်ဖက်မှအသံကို နားထောင်လိုက်သည်။ ဖုန်းနှင့်နား ထိကပ်သည်နှင့် တစ်ဖက်မှအသံက ချက်ချင်းထွက်လာသည်။
” ဂျေး ဘယ်လိုနေသေးလဲ အမူးပြေရဲ့လား၊ ခေါင်းတွေရော အုံနေသေးလား၊ လန်းလန်းဆန်းဆန်းရှိတယ်ဆိုရင် ကုမ္ပဏီကို လာခဲ့ပါ၊ လုံးဝ Facebook ပေါ်မတက်နဲ့နော် ကုမ္ပဏီကိုပဲ တန်းလာခဲ့ ”
တစ်ဖက်မှ သူပြောလိုရာကိုသာပြောပြီး ဖုန်းကိုချက်ချင်း ချသွားသည်။ ဖုန်းကိုကိုင်ရင်း ကျွန်တော် အချိန်အတော်ကြာ ငြိမ်နေမိ၏။ လူသားတို့မည်သည် မလုပ်ခိုင်းလျှင် လုပ်ချင်သည့်အာသီသ ရှိသော သတ္တဝါများ ဖြစ်လေရာ၊ အင်တာနက်ကိုဖွင့်ကာ Facebook ထဲသို့ ဝင်လိုက်သည်။ ဝင်လိုက်သည်နှင့် စာဝင်သံများက ညံစီသွားသည်။
Notification တို့ကလည်း ဆက်တိုက်တက်လာပြီး Messenger မှလည်း စာဝင်သံများက ဆက်တိုက်ဆိုသလို တက်လာနေသည်။ Friend Request ကိုကြည့်မိတော့လည်း မျက်လုံးပင်ပြူးသွားရလောက်သည့် အရေအတွက်ဖြစ်နေသည့်အတွက် ကျွန်တော်လုံးဝကို ရှော့ရသွားသည်။ ထို့နောက် Newfeed ကိုနှိပ်လိုက်သည်နှင့် မီဒီယာတစ်ခုမှ ပုံတစ်ပုံနှင့် Caption တစ်ကြောင်းပါသော သတင်းမကျ ချောင်းရိုက်မကျသောသတင်းကို တင်ထားသည်။
YOU ARE READING
| ဆွေး ~ Đaçaÿ |
Romanceချစ်သူချင်း ပေါင်းဖက်ရသောကမ္ဘာ၌သာ လူ့အဖြစ်ကိုကျွန်တော်ရချင်၏။ ဖူးစာသာပါလျှင် ငှက်ကလေးများပင် အတူပျံသန်းခွင့် ရပါသည်။ ကိုကိုး ၂၇၊၁၊၂၀၂၄