"ဟန်စစ် မင်းအဆင်မပြေလာပြန်ဘူးလား"
ဟန်စစ်သည်သူ့အားစကားပြောနေသောသူ့သူငယ်ချင်းထက်ဦးယံအားဘောက်ဆင်ထိုးနေရင်း"အင်း"ဟူ၍သာပြန်ဖြေလိုက်လေသည်။
ထက်ဦးယံသည်သောက်နေသောအရက်ခွက်ကိုလက်မှချလိုက်ကာ
"ဒီတစ်ခေါက် ဘာဖြစ်လာပြန်တာလဲ ပြောပြချင်လား"
ဟန်စစ်သည် ထက်ဦးယံ၏စကားကို ပြန်မ ဖြေဘဲ သဲအိတ်ကိုသာအားနှင့်မာန်နှင့်သဲကြီးမဲကြီးထိုးနေလေသည်။
"ဖြေးဖြေးထိုးပါဟ သဲအိတ်လည်းပေါက်သွားဦးမယ်"
ဟန်စစ်သည်ထက်ဦးယံ၏စကားကိုကြားဟန်မရပေ။သဲအိတ်ကိုသာဆက်ထိုးနေ၏။အတန်အနည်းငယ်ကြာသော် သူသည်လက်ဝှေ့အိတ်များကိုဆွဲချွတ်ကာ ထက်ဦးယံထိုင်နေသောအရက်ဘားသို့သွားလေသည်။
ချွေးများစီးကျနေသောဟန်စစ်ကိုထက်ဦးယံကပုဝါတစ်ထည်ပေးလိုက်ကာ
"အခုရော ဘယ်လိုလဲ အဆင်ပြေသွားပြီလား"ဟန်စစ်သည်ကမ်းပေးလာသောပုဝါယူလိုက်ကာချွေးများကိုသုတ်လိုက်ရင်းနဲ့ဖြေလိုက်လေသည်။
"အင်း"
ဟန်စစ်အခုရောက်နေသောနေရာသည် သူ့သူငယ်ချင်းထက်ဦးယံဖွင့်ထားသော privateဘားသို့ရောက်နေခြင်းဖြစ်သည်။ထက်ဦးယံ၏ဘားသည်တချို့သောဘားများနှင့်မတူ ထူးခြား၏။
သူ့ဘားသည်အပျော်အပါး၊အကအခုန်
အတွက်ဖွင့်ထားခြင်းမဟုတ်၊အေးအေးဆေးဆေးနေချင်သူများ၊ဆူညံသည့်အသံများမကြိုက်သည့်သူများအတွက်ဖွင့်ထားသောဘားဖြစ်သည်။
အရက်နှင့်စားစရာသောက်စရာများရပေမဲ့လိင်မှုပိုင်းဆိုင်ရာကိစ္စများ၊အော်ဟစ်ဆူညံမှုများ၊မူးယစ်ဆေးကိစ္စများကိုတော့တင်းတင်းကြပ်ကြပ်တားမြစ်ထားသည်။
အရက်သောက်ရင်းအပန်းဖြေဖို့အတွက်ဘိလပ်ခုံများ၊မြှားပစ်ဘုတ်လေးစသည့်တခြားသောကစားနည်းမျိုးကိုပြင်ဆင်ပေးထားသည်။ယခုဟန်စစ်ရောက်နေသည့်နေရာကတော့ ဟန်စစ်အပန်းဖြေရန်အတွက်သီးသန့်လုပ် ပေးထားသောနေရာဖြစ်သည်။အခန်းထဲတွင်အရက်ဘားပါပြီးဘောက်ဆင်ထိုးရန်အတွက်နေရာလည်းပါသည်။အနားယူရန်အတွက်ခုတင်နှင့်ရေချိုးခန်းလည်းထည့်၍ဖွဲ့စည်းထားသည်။
YOU ARE READING
How Does It Feel Like Falling In Love??
RomanceGenre - BL / Romance Warning - Mature "ရည်းစားထားရတာဘယ်လိုလဲဆိုတာသိချင်တဲ့mangaဆွဲတဲ့ကောင်လေးနဲ့မူယာမာယာနဲ့ဉာဏ်နီဉာဏ်နက်ပေါင်းစုံသုံးပြီးသူ့ကိုချစ်လာအောင်လုပ်ပြီးအပိုင်သိမ်းမဲ့စီအီးအိုကြီးတို့ရဲ့အချစ်ဇာတ်လမ်းလေး" Writer's Notes ဤဇာတ်လမ်းသည်စာရေးသူ၏...