Chapter - 1

546 13 6
                                    

ဖြူလွလွတိမ်တိုက်များကိုထိုးဖောက်၍
နေမင်းကြီးသည်အရှိန်ပြင်းပြင်းနှင့်ပူပြင်းနေ၏။ထိုနေမင်းကြီး၏နေရောင်သည်တိုက်ခန်းတစ်ခန်း၏ပြတင်း‌ပေါက်ကိုဖြတ်‌ကျော်၍အိပ်မက်ကမ္ဘာတွင်‌ပျော်ဝင်‌နေပုံရသောကောင်လေးတစ်ယောက်၏‌နူးညံ့ကာချောမွေ့သောမျက်နှာပြင်ပေါ်သို့ကျရောက်နေ၏။ထိုကောင်‌‌လေးသည်သူ့မျက်နှာကိုနေရောင်ထိုးသော်လည်းထမည့်ပုံမရှိသေး။

အတန်အနည်းငယ်ကြာပြီးနောက်တွင်ထိုကောင်လေး၏မျက်နှာပေါ်တွင်လည်းချွေးများအနည်းငယ်စို့လာနေသည်။ထိုသူ၏မျက်ခုံးများမှာကြုံ့လာပြီးမျက်လုံးများကိုဖွင့်လိုက်ကာ"ကျစ်" ဟုဆိုလိုက်ပြီး‌ နေရောင်ကို‌ရှောင်ရန်တစ်ဖက်လှည့်၍အိပ်လိုက်လေသည်။

သို့သော်ထိုကောင်လေးသည်ပြန်အိပ်၍ရတော့မည့်ပုံမရပေ။သူသည်‌ပြန်အိပ်မရ၍ဒေါသထွက်ကာထထိုင်လိုက်ပြီး

"ကျစ် ဒီနေကလည်းလာထိုးပြန်ပြီကွာ ငါကလည်းငါဘဲ မနေ့ညကပြတင်းပေါက်ပိတ်ဖို့မေ့ရတယ်လို့ အခုတော့အေးရော"

ထိုအချိန်တွင်‌ထိုကောင်လေး၏အခန်းတံခါးကိုတစ်ယောက်ယောက်လာခေါက်လေသည်။

'ဒေါက် ဒေါက်' "သန့်စင်ရေ မထသေးဘူးလား ဒီနေ့မင်းချက်ရမဲ့အလှည့်နော် ငါဗိုက်ဆာနေပြီ"

ထိုအခါထိုကောင်လေးသည်အိပ်ရာပေါ်မှထလိုက်ကာအိပ်ရာကိုညီအောင်ပြန်ဖြန့်နေရင်း

"အေးအေး ငါနိုးပြီ ခဏ‌လေးနော် ငါအိပ်ရာ ဖြန့်‌နေလို့"

"အင်း"

သန့်စင်တေးတို့၏တိုက်ခန်းတွင်လူနှစ်ယောက်နေသည်။တစ်ယောက်ကသန့်စင်တေး နောက်တစ်ယောက်ကသူ့သူငယ်ချင်းသက်ပိုင် သူငယ်ချင်းနှစ်ယောက်တိုက်ခန်းတူတူဌားနေကြပြီး အတူတူဌားနေရန်အကြံကိုသက်ပိုင်ကရလာတာဖြစ်သည်။သန့်စင်တေးကလည်းတိုက်ခန်းဌားနေဖို့အတွက်စီစဉ်နေတာကြောင့်သဘောတူခဲ့ခြင်းဖြစ်သည်။

သန့်စင်တေးသည်အခန်းထဲမှထွက်လာကာဆိုဖာပေါ်တွင်ထိုင်နေသောသက်ပိုင်ကိုမေးလိုက်လေသည်။

"သက်ပိုင်မနက်စာဘာလုပ်ရင်ကောင်းမလဲ ခဏနေဦး အိမ်မှာဝက်အူချောင်းရှိလား"

How Does It Feel Like Falling In Love??Donde viven las historias. Descúbrelo ahora