Chapter - 6

162 6 2
                                    

"မင်္ဂလာပါ Nior skyဘားမှကြိုဆိုပါတယ်"

ထက်ဦးယံသည်ကောင်မလေးတစ်ယောက်နဲ့စကားပြောနေရင်းဧည့်ကြိုဆီမှအသံကြားတော့လှည့်ကြည့်လိုက်သည်။

"ယို့ မလာ‌တာကြာပြီနော် ပျောက်ချက်သားကောင်းလိုက်ချီလား"

ထက်ဦးယံပြောရင်းနဲ့ဟန်စစ်နားသို့လျှောက်သွားလိုက်၏။ခုနက‌သူစကားပြောနေသောမိန်းကလေးက ထက်ဦးယံရုတ်တရက်ထွက်သွားတော့ကြောင်သွား၏။‌ သူဒေါသထွက်ကာတစ်ဖက်သို့လှည့်ကာ‌ပြောတော့မလို့ရှိသေးတုန်းဟန်စစ်အားတွေ့လိုက်သဖြင့်သူမပြောမည့်စကားများပျောက်ရှသွား၏။ချောလိုက်တာ သူဘဝမှာကောင်လေးချောချောလေးတွေ တော်တော်များများနဲ့တွဲဖူးတွေ့ဖူးပေမဲ့ ဒီလောက်ချောတဲ့သူကိုတော့အခုမှတွေ့ဖူးသည်။ ထိုကောင်မလေးသည်ချက်ချင်းမူယာမာယာများသည့်ပုံဖြင့်ချွဲနွဲ့ကာထက်ဦးယံနားသို့ကပ်သွားသည်။ပြီးနောက်ရုံပတီသီးကိုအတောင့်လိုက်စားထားသလိုချွဲပစ်နေတဲ့အသံနဲ့

"ကိုကိုထက်ကလည်း ဘာလို့ရုတ်တရက်ကြီးထွက်သွားတာလဲလို့"

ထက်ဦးယံလည်းထိုအသံကြောင့်မျက်ခုံးပင့်တက်သွား၏။

ထိုသို့ပြောပြီးနောက်ထိုမိန်းကလေးသည်ဟန်စစ်ကိုကြည့်လိုက်ကာ

"ဒီကိုကိုလူချောလေးကရော ဘယ်သူလဲဟင် ကိုကိုထက် ချစ်ချစ်ကို မိတ်ဆက်ပေးဦးလေနော်"

ထက်ဦးယံ၏စိတ်ထဲတွင်တော့
'သူဘာဖြစ်သွားတာလဲဟ ခုနကငါနဲ့စကားပြောတုန်းကတောင်နည်းနည်းတော့ချွဲပေမဲ့အခုလောက်ထိမဟုတ်ဘူး အသံကလည်း ရုံပတီသီးစားပြီးတော့တုံးပိနေတဲ့အသံနဲ့'

ထက်ဦးယံလည်းဟန်စစ်ကိုတစ်ချက်ကြည့်လိုက်တော့ဟန်စစ်၏အကြည့်များကအေးစက်နေကာထက်ဦးယံအားတစ်ချက်စိုက်ကြည့်လိုက်ကာဟန်စစ်သည်သူ့အခန်းထဲသို့ဝင်သွားသည်။

"အယ် ပြောတာမပြီးသေးဘူးလေ နေပါဦး..ကိုကိုထက် ခုနကလူကဘယ်သူလဲဟင် ချစ်ချစ်ကိုမိတ်ဆက်ပေးဦးလေ"

ထက်ဦးယံလည်းထိုကောင်မလေး၏ချွဲပစ်နေသောအသံကြောင့်ခေါင်းပါကိုက်လာ၏။

How Does It Feel Like Falling In Love??Tahanan ng mga kuwento. Tumuklas ngayon