Chapter - 9

41 3 0
                                    

သန့်စင်တေးတစ်ယောက် အိမ်ပြန်ရောက်ချိန်တွင် သူ့ရင်သည်အတိုင်းမဆခုန်နေ၏။သူ၏နှလုံးခုန်သံကခုန်‌နေသည်မှာကျယ်လောင်နေသောကြောင့်အပြင်ကပင်ကြားရမည်ဟုတောင်သူထင်မိသည်။

သူသည်ဖိနပ်ကိုချွတ်ကာအိမ်ထဲသို့ဝင်တော့ငိုသံတစ်ခုကိုကြားလိုက်ရလေသည်။သန့်စင်တေးလည်းငိုသံလာရာသို့သွားလိုက်တော့ ဧည့်ခန်းထဲတွင်ပိန်လှီကာခေါက်ချိုးခံထားရ‌ သောဘီယာဘူးခွံများဆိုဖာနားတစ်ဝိုက်တွင်ပြန့်ကျဲနေသည်ကိုတွေ့လိုက်ရသည်။ထို့နောက်ဆိုဖာအောက်တွင်ထိုင်ကာငိုနေသောသူ့ သူငယ်ချင်းသက်ပိုင်ကိုတွေ့လိုက်ရသည်။

သက်ပိုင်သူ့ကိုတွေ့သောအခါငိုယိုကာ‌ဖြင့်

"သန့်စင်ရေ...သူလုပ်ရက်တယ်ကွာ ငါ့ကိုသူ"

သန့်စင်တေးလည်းသက်ပိုင်ဘာကိုပြောနေမှန်းနားမလည်တော့၊ အရက်လည်းဘယ်လောက်တောင်သောက်ထားလည်းမသိ စကားသံတွေကလည်း ဗလုံးဗ‌ထွေးနှင့်ဖြစ်နေသည်။

"ဘယ်သူကမင်းကိုလုပ်တာလဲ ဘာဖြစ်လို့လဲ ရှင်းရှင်းလင်းလင်းပြော"

"သူလေ ငါ့‌ရည်းစား မဟုတ်ဘူး ရည်းစားဟောင်း...ဖြစ်သွားပြီ.." ဟုပြောကာ သက်ပိုင်အော်ငိုပြီးရှိုက်ငိုနေသည်။

သန့်စင်ကသက်ပိုင်၏ကျောကိုလက်ဖြင့်ပွတ်ပေးပြီးနှစ်သိမ့်နေသည်။

"မငိုပါနဲ့ကွာ ဒါမျိုးကဖြစ်တတ်ပါတယ်အရမ်းကြီးခံစားမနေနဲ့ သူကမင်းရဲ့right person မဟုတ်သေးလို့ ပြတ်တာပါကွာ"

သက်ပိုင်က ရှိုက်နေရင်းနဲ့သန့်စင်တေးအား

"ဒါပေမဲ့ ငါသူ့ကိုအရမ်းချစ်တာကွာ ငါ့ရဲ့ပထမဦးဆုံးချစ်သူလေးမို့ အရမ်းကိုဂရုတွေစိုက်ပေးပြီး ချစ်လိုက်ရတာကိုကွာ အဲ့တာကိုသူက သူက...အဟင့်....."

သန့်စင်တေးကစကားထောက်ပေးလိုက်ပြီး

"သူကဘာဖြစ်လို့လဲ"

"သူကလေ ငါ့ကိုမိန်းကလေးနဲ့မတွဲဘဲ ယောက်ျားလေးနဲ့တွဲသင့်တယ်တဲ့ ငါ့လိုကောင်လေးမျိုးက နုနုဖတ်ဖတ်လေးနဲ့ အုခဲလေးမို့လို့ သူမတွဲရက်ဘူးတဲ့ fujoshiတစ်ယောက်အနေနဲ့သူ့ကိုsemeတစ်ယောက်ကောင်းကောင်းလေးရှာပေးချင်တယ်တဲ့.."

How Does It Feel Like Falling In Love??Where stories live. Discover now