Chapter - 3

177 7 3
                                    

"သက်ပိုင် ငါ့ကိုလည်းရေတစ်ခွက်လောက်"

သက်ပိုင်တစ်ယောက်ရေသောက်နေစဉ်အသံကြားလို့လှည့်ကြည့်လိုက်တော့သူ့ရှေ့တွင်ပေါ်လာသောသန့်စင်တေးကြောင့်အော်လိုက်မိသည်။

"အမလေး လန့်လိုက်တာ ဟား.....သန့်စင်ရေ မင်းငါ့ကိုလန့်ပြီးသေအောင်လုပ်နေတာပဲ"

သူလန့်ရခြင်းမှာတခြားကြောင့်မဟုတ်မျက်ကွင်းကြီးညိုပြီးထွက်လာသောသန့်စင်တေးကြောင့်ဖြစ်သည်။သူသည်သန့်စင်တေးအားရေတစ်ခွက်ပေးလိုက်ပြီး

"သန့်စင် မင်းညလုံးပေါက်နေပြန်ပြီလား မင်းကိုယ်မင်းလည်းကြည့်ပါဦး မျက်ကွင်းကလည်းညိုပြီးမဲနေတာ အိုးမဲသုတ်ထားတဲ့အတိုင်းပဲ"

သန့်စင်တေးသည်ရေသောက်ရင်းနဲ့အားမရှိစွာနဲ့ပြန်ဖြေလိုက်သည်။

"အင်း ငါမအိပ်တာနှစ်ရက်လောက်ရှိပြီ အဲ့တာကြောင့်မို့လို့ ဒီလိုဖြစ်နေတာ"

"ဘရို နှစ်ရက်လုံးမအိပ်ဘဲမန်ဂါထိုင်ဆွဲနေတာလား"

"ဘယ်ကသာ မန်ဂါဆွဲဖို့နေနေသာသာ ဘာအိုင်ဒီယာမှမထွက်လာလို့စိတ်ညစ်နေတာ အဲ့ဒါနဲ့အိုင်ဒီယာများရမလားလို့ဆိုပြီးဟိုရှာဒီရှာလုပ်လိုက်တာ ဒီလိုဖြစ်သွားတာဘဲ"

"လုပ်ရင်လည်းနားနားပြီးလုပ်ပါကွာ ဒီပုံစံအတိုင်းဆိုရင်မင်းကြာလာရင်ကျန်းမာရေးထိခိုက်လိမ့်မယ်"

"အေးပါကွာ"

သန့်စင်တစ်ယောက်ဒီလိုဖြစ်နေတော့သက်ပိုင်လည်းသိချင်မိလာရသည်။
ဒီတစ်ခေါက်အလုပ်ကဘာဆွဲရမှာမို့လို့သန့်စင်ဒီလိုဖြစ်နေရတာလဲ။
သူသန့်စင်နဲ့အတူနေတာတစ်နှစ်အတောအတွင်းသန့်စင်ဒီလိုဖြစ်တာ တစ်ခါမှမတွေ့ဖူးတော့နည်းနည်းတော့သိချင်လာရသည်။
သက်ပိုင်သည်သန့်စင်တေးကို‌မေးကြည့်လိုက်သည်။

"သန့်စင် ဒီတစ်ခေါက်မန်ဂါကတော်တော်ခက်တာလား ငါမင်းဒီလိုဖြစ်တာတစ်ခါမှမတွေ့ဘူး"

သန့်စင်တေးလည်းသက်ပိုင်ဒီလိုမေးတော့

"အင်း"

"ဘာအမျိုးအစားမို့လို့လဲ ခါတိုင်းလို အက်ရှင်ဘဲမဟုတ်ဘူးလား"

How Does It Feel Like Falling In Love??Where stories live. Discover now