Chapter - 4

164 5 12
                                    

ထိုသူပြုံးလိုက်သည်ကိုကြည့်ပြီးသန့်စင်တေးအသိပြန်ဝင်သွားသည်။သန့်စင်တေးသည်ချောင်းအနည်းငယ်ဟန့်လိုက်ပြီးလည်ပင်းကိုပွတ်လိုက်ကာထိုသူအားနေရခက်စွာနှင့်ပြန်လည်ပြုံးပြလိုက်သည်။သန့်စင်ပြုံးပြလိုက်သောကြောင့်ထိုသူသည်ပြုံးလိုက်ကာ

"ဒီဖိနပ်ရဲ့အဓိပ္ပာယ်ကိုသိနေတာအံ့ဩစရာပဲ တချို့သူတွေကသိပ်မသိကြဘူး"

"ဟုတ်လား....ကျွန်တော်ကတော့စိတ်ဝင်စားလို့ရှာကြည့်ထားတာ "

ထိုသူသည်စကား‌ပြောနေသည့်တစ်လျှောက်လုံး သန့်စင်တေးကိုစိုက်ကြည့်နေသော ကြောင့်ဘာရယ်မဟုတ်နည်းနည်းတော့ရှက်မိသည်။သူလည်းယောက်ျားကိုယ်လည်းယောက်ျားပဲကိုဘာလို့ရှက်မိမှန်းလည်းကိုယ့်ကိုယ်ကိုလည်းမသိတော့။

"ဒါနဲ့ မင်းဝတ်ထားတဲ့ဖိနပ်လေးက ဘယ်ကဝယ်တာလဲ"

ဟန်စစ်အခုလိုမေးလိုက်ခြင်းကသူအတည်ပြုချင်တာရှိလို့သာဖြစ်သည်။
သန့်စင်တေးသည်သူ့ဖိနပ်ကိုငုံ့ကြည့်လိုက်ပြီး

"အာ...ဒီဖိနပ်လား ကျွန်တော်ဝယ်ထားတာတော့ကြာပြီ မှတ်မှတ်ရရအဲ့ဒီ့ဖိနပ်က ကျွန်တော်ရဲ့ပထမဦးဆုံးလစာနဲ့ဝယ်ထားတာအဲ့ဒီ့တုန်းက ဖိနပ်ဆိုင်တစ်ဆိုင်ဘဲ
ဘယ်‌ဆိုင်လဲတော့ကျွန်တော်လည်းသိပ်မမှတ်မိတော့ဘူး အဲ့မှာဝယ်ဖြစ်တာ"

"အော်..."

ဟန်စစ်ပြုံးလိုက်သည်။နောက်ဆုံးတော့‌သူတွေ့ချင်နေတဲ့လူကဒီကောင်လေးဖြစ်နေတာသေချာသွားပြီပေါ့။

"ခင်ဗျား ဝယ်ချင်လို့လား"

"မဟုတ်ပါဘူး ဒီတိုင်းဖိနပ်ဒီဇိုင်းကထူးခြားလို့‌ မေးကြည့်တာ"

"ထူးခြားတယ်မလား ကျွန်တော်လည်းအဲ့ဖိနပ်ကိုတွေ့တုန်းကအဲ့လိုခံစားရလို့ဝယ်လိုက်တာ ဝယ်ထားတာကြာပြီဆိုပေမဲ့ ဒီဖိနပ်ကကျွန်‌တော့်အကြိုက်ဆုံးဖြစ်နေတုန်းဘဲ"

သန့်စင်သည်မှန်ဘောင်ထဲမှဖိနပ်ကိုကြည့်လိုက်ပြီး

"အခုတော့နောက်ထပ်အသစ်တစ်ခု
တိုးလာပြီပေါ့ ဘာလို့လဲမသိဘူး ကျွန်တော်အခုဝတ်ထားတဲ့ဖိနပ်နဲ့ ဒီမှန်ထဲကဖိနပ်နဲ့က ပုံစံတူတယ်ခံစားနေရတယ် ဒါမှမဟုတ် ဒီဇိုင်းနာတစ်ယောက်ထဲကထုတ်ထားတာလားမသိ"

How Does It Feel Like Falling In Love??Where stories live. Discover now