Chapter - 7

135 5 5
                                    

"အင်း..သားခေါက်ဆွဲပြုတ်စားနေတာ"

"သား ခေါက်ဆွဲပြုတ်တွေအရမ်းမစားနဲ့ ကျန်းမာရေးထိခိုက်မယ် ဖေကြီးတို့အနားမှာမရှိတိုင်းနေချင်သလိုတွေနေမနေနဲ့ ကျန်းမာရေးဂရုစိုက် အလုပ်လုပ်ရင်လည်းည‌လုံးပေါက်တွေမနေနဲ့ဦး"

သန့်စင်တေးသည်သူ့ရဲ့နှာခေါင်းထိပ်လေးကိုအသာလေးပွတ်လိုက်ကာ

"ဟုတ်ကဲ့ပါ ဖေကြီးကလည်းသား ကျန်းမာရေးဂရုစိုက်ပါတယ် ခေါက်ဆွဲပြုတ်တောင်အခုမှစားဖြစ်တာ မစားတာတော်တော်ကြာသွားပြီ"

ဟုပြောကာသန့်စင်လိမ်လိုက်မိသည်။သန့်စင်တေးထံတွင်အကျင့်တစ်ခုရှိသည်။အဲ့တာကတော့လိမ်တော့မည်ဆိုလျှင်သူ့နှာခေါင်းထိပ်လေးကိုလက်ညှိုးလေးနဲ့ပွတ်တတ်တဲ့အကျင့်ပင်။

"ဒါနဲ့ နောင်နောင်လေးရော သားသူနဲ့ပြောချင်တယ် ပြီးတော့မမရော"

"သမီးကြီးကတော့ အလုပ်မှာ နောင်နောင်ကတော့ အိပ်နေပြီ မနက်ဖြန်သူ့ကျောင်းကလေ့လာရေးသွားစရာရှိလို့လေ အဲ့တာကြောင့်စောစောသိပ်ထားတာ"

"ဟုတ် ဒါနဲ့မေ ကျောင်းကစိတ်ချလို့ရရဲ့လား  ကလေးတွေနဲ့ဆိုတော့သိပ်စိတ်မချဘူး"

"အမလေး..... စိတ်ချပါတော် နောင်နောင်ကို သမီးကြီးရော သားရော တက်ခဲ့တဲ့ကျောင်းမှာဘဲ ထားတာပါရှင် မေ့နေပြီလား သားဘဲနောင်နောင့်ကို ကျောင်းအပ်ပေးခဲ့တာလေ"

သန့်စင်တေးရယ်လိုက်ကာ

"အာ ဟုတ်သားဘဲ မေ့နေတာ ဒါနဲ့မမက အခုထိအလုပ်ကပြန်မလာသေးဘူး နောက်ကျနေပြီကို အမေတို့နော် မမကိုအလုပ်တွေအရမ်းခိုင်းနေတယ်"

"မဟုတ်ပါဘူးကွယ် သားမမက မေတို့ပင်ပန်းမယ်ဆိုပြီး အတင်းလုပ်တာပါနော် မင်းဖေကြီးကတော့အလုပ်မနားသေးဘူး သမီးကြီးနဲ့တူတူလုပ်နေတယ် သူ့ကိုအလုပ်အကြောင်းပိုသိအောင်သင်ပေးရင်းနဲ့လေ ဒီတစ်ခေါက်အသီးတွေကောင်းကောင်းဖွံ့ဖြိုးတယ်သားရဲ့  သမီးကြီးကကောင်းကောင်းစီမံခန့်ခွဲတတ်တယ် မေတို့လည်းအသက်ကရလာပြီဆိုတော့ သူ့ကိုဘဲအလုပ်တွေလွှဲပြောင်းပေးရတော့မှာ"

How Does It Feel Like Falling In Love??Where stories live. Discover now