အဲကွန်းဖွင့်ထားသောထားသောကားထဲတွင် မွှေးပျံ့နေသော အနံ့တစ်မျိုးပျံ့နှံ့နေ၏။သန့်စင်တေးသည် ထိုမွှေးပျံ့နေသောရနံ့ကိုရှုသွင်းလိုက်ကာ တုန်ရီနေကာလှုပ်ရှားနေသော စိတ်အစုံကို ငြိမ်သက်အောင် လုပ်လိုက်သည်။ဘာကြောင့်မှန်းမသိ သူဒီနေ့အကိုဟန်နဲ့တွေ့မှာကို အရမ်းစိတ်လှုပ်ရှားနေမိသည်။ကားထဲမှာရနေသော ထိုမွှေးပျံ့ပျံ့အနံ့မှာလည်း သူ၏စိတ်ကိုငြိမ်သက်သွားအောင်ပြုနိုင်စွမ်းရှိသည်။
ဟန်စစ်သည်မီးပွိုင့်နီသွားသောကြောင့်ကားကိုရပ်လိုက်သည်။ထို့နောက်သန့်စင်တေးဘက်သို့ခေါင်းကိုလှည့်လိုက်ကာစကားစပြောလိုက်သည်။
"တေး ဒီနေ့ကိုယ်ပေးထားတဲ့ ဖိနပ်လေးစီးလာတာပဲနော်"
သန့်စင်တေးကတော့ 'သူဒီဖိနပ်စီးလာတာကိုမသိဘူးလား' ဆိုတဲ့အတွေးထဲနစ်မြုပ်နေတုန်း ဟန်စစ်က မေးလိုက်သောကြောင့်သူဝမ်းသာသွားပြီးပြန်ဖြေလိုက်သည်။
"ဟုတ်တယ်ဗျ ကျွန်တော်နဲ့လိုက်ရဲ့လားတော့မသိဘူး"
"တေးနဲ့အရမ်းလိုက်တယ် ဒီဖိနပ်က တေးအတွက်ထုတ်ထားတဲ့အတိုင်းပဲ"
ထိုစကားကိုကြားတော့တေးကရှက်ကိုးရှက်ကန်းဖြင့်ပြုံးလိုက်ကာသူ့ရဲ့လည်ပင်းကိုပွတ်လိုက်ပြီး
"အာ...အဲ့လောက်တော့မဟုတ်ပါဘူးဗျာ..."
ဟန်စစ်သည် သန့်စင်တေးလုပ်လိုက်သောအမူအရာကြောင့် အသည်းယားသွားလေသည်။ ပြုံးလိုက်တိုင်းမို့တက်သွားသော ထိုဖောင်းနေသည့်ပါးကလေးတွေကို နမ်းရှုံ့ချင်စိတ်များအား အတင်းထိန်းချုပ်မြိုသိပ်လိုက်ရသည်။နောက်မှကိုယ်နဲ့တွဲတဲ့အခါကျရင်အတိုးချပြီးနမ်းပစ်မယ်ဆိုတဲ့စိတ်နဲ့အတူ ရယ်လိုက်ကာ သူ့ရဲ့ပါးလေးကိုလက်နဲ့ဆွဲလိုက်ပြီး
"ဟားဟား....ကိုယ်ကတေးနဲ့တကယ်လိုက်လို့ပြောတာပါကွာ"ဟုပြောကာ မီးပွိုင့်မှမီးပြန်စိမ်းသွားသောကြောင့်တစ်ဖက်သို့ပြန်လှည့်ကာ ကားပြန်မောင်းလေသည်။
ကားမောင်းနေရင်းဟန်စစ်တွေးနေမိတာကတော့ လက်နဲ့ဆွဲတာတောင် ထိုပါးလေးတွေကဒီလောက်နူးညံ့နေတာ နမ်းများနမ်းလိုက်လို့ကတော့ ဘယ်လိုတောင်အိစက်နေပြီးနူးညံ့နေလိုက်မလဲ။
ပြီးတော့ ထိုဂျယ်လီတုံးလေးနဲ့တူတဲ့ နှုတ်ခမ်းတစ်စုံတွင် နှုတ်ခမ်း၏ထိပ်သားလေးဖူးနေ၏။
ထိုဖူးနေသော နေရာကိုသူတစ်ချက်လောက်စုပ်ယူကာကိုက်ချင်မိသည်။
နှုတ်ခမ်းသားတစ်ခုလုံး နီရဲပြီးစိုစွတ်နေတာ တတိတိနဲ့ကိုက်စားလိုက်ရင် ဘယ်လိုအရသာများရလောက်မလဲ........။
YOU ARE READING
How Does It Feel Like Falling In Love??
RomanceGenre - BL / Romance Warning - Mature "ရည်းစားထားရတာဘယ်လိုလဲဆိုတာသိချင်တဲ့mangaဆွဲတဲ့ကောင်လေးနဲ့မူယာမာယာနဲ့ဉာဏ်နီဉာဏ်နက်ပေါင်းစုံသုံးပြီးသူ့ကိုချစ်လာအောင်လုပ်ပြီးအပိုင်သိမ်းမဲ့စီအီးအိုကြီးတို့ရဲ့အချစ်ဇာတ်လမ်းလေး" Writer's Notes ဤဇာတ်လမ်းသည်စာရေးသူ၏...