"ဟင်း....."
မန်ဂါတစ်အုပ်ထပ်၍ဖတ်ပြီးသွားတော့သန့်စင်သက်ပြင်းချလိုက်သည်။ထိုblစာအုပ်တွေဝယ်လာတာနှစ်ပတ်လောက်ရှိသွားပြီဖြစ်သည်။ဝယ်လာသည့်နေ့မှစပြီးဖတ်လာလိုက်တာအခုဝယ်ထားသမျှစာအုပ်များ၏တစ်ဝက်ကျော်ကျော်တောင်ဖတ်ပြီးသွားပြီဖြစ်သည်။
စစချင်းဖတ်တုန်းကအခက်အခဲရှိခဲ့တာပေါ့။အထူးသဖြင့်sex scene တွေရောက်ရင်အဆိုးဆုံးပဲ။ရှက်ပြီးတော့မျက်နှာပူလွန်းလို့မျက်လုံးကိုလက်နဲ့ကာပြီးဖတ်ရသည်အထိ။
သက်ပိုင်တော့ဘယ်လိုနေမလဲမသိပေမဲ့ကိုယ်ကတော့မျက်နှာပူတာများအငွေ့တောင်ပျံချင်ခဲ့တာ။အခုဖတ်လာတာနှစ်ပတ်လောက်ရှိပြီဆိုတာတော့နည်းနည်းတော့နေသားကျသွားပြီဖြစ်သည်။စစချင်းဖတ်တုန်းကလောက်တော့ရှက်မနေတော့။
တစ်ချိန်လုံးရှက်နေလို့မဖြစ်ဘဲ။အချိန်တန်ရင်ကိုယ်လည်းsex scene တွေဆွဲရမှာပဲလေ။
ဒါပေမဲ့ဖတ်နေရင်းနဲ့တစ်ခုတော့တွေးမိသည်။blဆွဲတဲ့သူတွေအများစုကမိန်းကလေးတွေများကြတယ်။အဲ့တာနဲ့များ သူတို့တွေကဘာလို့ ယောက်ျားလေးချင်းsexလုပ်တာကိုဘာလို့ဒီလောက်တောင်ရှင်းရှင်းလင်းလင်းဆွဲပြနိုင်ရတာလဲ။သူတို့ကိုယ်တိုင်အတွေ့အကြုံရှိတာလဲမဟုတ်ဘဲနဲ့။အိမ်မှာနေရတာပိတ်လှောင်နေသလိုခံစားရသည့်အတွက်အိုင်ဒီယာလေးများရလိုရငြားအပြင်သို့လမ်းလျှောက်ထွက်ရင်ကောင်းမည်ထင်သည်။သက်ပိုင်ကိုတော့ခေါ်မနေတော့၊သူလည်းသူ့အလုပ်နဲ့သူရှုပ်နေမှာပဲလေ၊
အကုန်ပြင်ဆင်ပြီးတော့ဖိနပ်ဝတ်ရန်ကြည့်လိုက်တော့မှအကိုဟန်ဝယ်ပေးထားခဲ့တဲ့ဖိနပ်လေးကိုတွေ့သွားသည်။
သူပြောတာတော့မကြာခင်ပြန်တွေ့မယ်တဲ့
အခုများတော့နှစ်ပတ်တောင်ရှိသွားပြီ
အေးလေသူ့မှာလည်းကိုယ့်ဖုန်းနံပါတ်မရှိဘဲနဲ့ဘယ်လိုလုပ်ပြန်တွေ့နိုင်မှာတုန်း ရန်ကုန်မြို့ကအကျယ်ကြီးပဲကို။
ကိုယ်ကလည်းဘာလို့သူ့အကြောင်းပဲတွေးနေမိလည်းဆိုတာ ကိုယ့်ကိုယ်ကိုလည်းမသိတော့ဘူး။မသိတဲ့ပြဿနာတွေကိုခေါင်းရှုပ်ခံပြီးစဉ်းစားမနေတော့။
YOU ARE READING
How Does It Feel Like Falling In Love??
RomanceGenre - BL / Romance Warning - Mature "ရည်းစားထားရတာဘယ်လိုလဲဆိုတာသိချင်တဲ့mangaဆွဲတဲ့ကောင်လေးနဲ့မူယာမာယာနဲ့ဉာဏ်နီဉာဏ်နက်ပေါင်းစုံသုံးပြီးသူ့ကိုချစ်လာအောင်လုပ်ပြီးအပိုင်သိမ်းမဲ့စီအီးအိုကြီးတို့ရဲ့အချစ်ဇာတ်လမ်းလေး" Writer's Notes ဤဇာတ်လမ်းသည်စာရေးသူ၏...